ZAWGYI
Ch9-ဒါက သူတို့ဂိုဏ်းခေါင်းဆောင်ရဲ့ဇနီးပဲ!
Guild = ဂိုဏ်း၊ အစည်းအရုံး
Leaderboard - ဦးဆောင်မှုပြဇယား
***
ချင်ရှို့ကျယ်က သူ့သူငယ်ချင်းကို တစ်ချက်ကြည့်လိုက်တော့ ကျန်းရှောင်းက ပုံမှန်အတိုင်းတည်ငြိမ်တဲ့အမူအရာဖြင့်ရှိနေတာကို မြင်လိုက်ရသည်။ “ပေါင်ပေ့လေး”လို့ သူခေါ်လိုက်တဲ့လေသံက ရာသီဥတုအကြောင်းမေးတာနဲ့ အတူတူပင်။
အေးစက်တဲ့စရိုက်ရှိတဲ့သူတစ်ယောက်အနေဖြင့် ကျန်းရှောင်းက အရာအနည်းငယ်ကိုသာ ဂရုစိုက်တတ်ပြီး များစွာသောလူတွေကို ထူးမခြားနားသလိုပဲ ဆက်ဆံလေ့ရှိသည်။ ဥပမာအနေနဲ့ သူလောင်းကစားကို လက်ခံလိုက်တာနဲ့ သူ့မှာချစ်သူရှိနေသလို ပြုမူတယ်၊ ဟွန်းကနေတစ်ဆင့် တုန့်ဆိုင်းခြင်းမရှိဘဲ နမ်းနေတဲ့အီမိုဂျီကို သူပို့တယ်။ အခုလည်း ကျန်းရှောင်းမှာ အခြားစေ့ဆော်မှုတွေရှိလား မရှိလား သူမသိပေ။
ဒါပေမယ့် အဆုံးမှာတော့ ကျန်းရှောင်းက အခုမှရန်ရန်နဲ့တွေ့ဆုံတာလေ ဒီတော့ သူတွေးသလိုမဖြစ်လောက်ဘူး။
ကျန်းရှောင်းက အမြဲလိုလို arenaက ပြိုင်ပွဲတွေကိုကြည့်ရတာသဘောကျကြောင်း သူမှတ်မိသည်။ ယနေ့ရန်ရန်ရဲ့လုပ်ဆောင်မှုက တကယ်ကောင်းတာကြောင့် ကျန်းရှောင်းက သူ့ဝမ်းကွဲညီလေးအပေါ် ပိုပြီးအာရုံစိုက်ပေးနေတာများလား?
သူ့ခေါင်းထဲမှာ ခွဲခြားစိတ်ဖြာကောက်ချက်ချနေစဉ်တွင် သူ့ဂိုဏ်းဝင်တစ်ယောက်ရဲ့အသံကို နားကြပ်မှ ကြားလိုက်ရသည်။
"အာ...ခေါင်းဆောင်က မရီးကို တိုက်ပွဲထဲဝင်စေချင်တာလား?"
" ပြီးတော့ ဧရိယာတစ်ခုကို တစ်ယောက်တည်းထောက်ပံ့ရမယ်?"
ကျန်းရှောင်းက အတည်ပြုပေးလိုက်၏ "ဟုတ်တယ် သူလုပ်နိုင်တယ်"
{Party} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး < : မရဘူး မရဘူး မရဘူး! ယောက်ျား ကျွန်တော်မလုပ်နိုင်ဘူးနော် ကျွန်တော်ကြောက်တယ်[ကြောက်လန့်မှုအပြည့်]
လူတိုင်းကလည်း သံပြိုင်ပြောလိုက်ကြသည် "ကြည့်လေ!"
သူတို့ရဲ့ နူးညံ့သိမ်မွေ့တဲ့မရီးလေးက ဘယ်လောက်တောင်ကြောက်နေလဲဆိုတာကို ကြည့်လိုက်ပါဦး!
ВИ ЧИТАЄТЕ
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Підліткова літератураThis is just translation. All credits to Original author.
![ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]](https://img.wattpad.com/cover/290083351-64-k997694.jpg)