Chapter 65 : Extra1

5.5K 683 8
                                        

ZAWGYI

Chapter 65 - Extra 1

___________________

နှစ်သစ်ကူးအကြိုကာလအတွင်းမှာ ဂိမ်းက လွန်ခဲ့သည့်လတွေက ပိတ်ခဲ့သောကောင်းကင်မြို့တော်ကို ပြန်လည်ဖွင့်ခဲ့သည်။

နှစ်သစ်ကူးပွဲစဉ်တွေ၏တစ်ခုအနေဖြင့် အမှတ်တွေနှင့်လဲလှယ်နိုင်သော ယခင်ဆုလာဘ်တွေအပြင် ဂိမ်းက နှစ်သစ်ကူး ကိရိယာအစုံလိုက်နဲ့အသုံးအဆောင်ပစ္စည်းတွေကိုပါ ထည့်ပေါင်းခဲ့သည်။ ချစ်သူများနေ့ကလည်း သိပ်မဝေးတော့သည်မို့ ကစားသမားနှစ်ယောက်တွဲအပိုင်းကိုလည်း ကောင်းကင်မြို့တော်မှာ ပေါင်းထည့်ခဲ့၏။ PKမလိုအပ်ဘဲ များပြားသည့်ဆုလာဘ်တွေနှင့် ယှဉ်တွဲခေါင်းစဉ်ကို ရယူရန် questဆယ်ခုအတန်းလိုက်ကို ပြီးမြောက်ဖို့သာလိုပေသည်၊ ပြီးတော့ စုံတွဲခေါင်းစဉ်ဟာဆိုရင်ဖြင့် ကောင်းကင်မြို့တော်ရဲ့PK zoneထဲမှာ ကစားသမားတွေအတွက် အပိုဆောင်းအခြေအနေတွေကို ထောက်ပံ့ပေးသည်။

စုံတွဲယှဉ်ဖက်ပစ္စည်း... သူ့ဝေစုကို သူရရပေမည်။

သူ့အချစ်ကို ဖော်ပြချင်ပေမဲ့ မသိသာချင်တဲ့tsundereလေးတစ်ယောက်အနေဖြင့် ဒီယှဉ်တွဲခေါင်းစဉ်က ပြီးပြည့်စုံတယ်လို့ ယွဲ့ရန်ခံစားမိသည်။ ထို့ကြောင့် သူ အားရကျေနပ်စွာဖြင့် ချစ်သူများနေ့ပွဲစဉ်ထဲသို့ ကျန်းရှောင်းနှင့်အတူ ဝင်ရောက်ခဲ့ပြီးနောက်... ပထမထပ်တွင် သူ့လမ်းညွှန်သူနှင့်ဆုံတွေ့ခဲ့သည်။

စုံတွဲတွေအတွက် ပုံဖော်ပြင်ဆင်ထားသော questတွေက သေချာပေါက်ပင် မူလချဉ်းကပ်နည်းကို မွေးစားထားတာပင်။

ပထမထပ်ရှိquestက တစ်ဖက်ပါတနာကို ကယ်ဖို့ဖြစ်သည်။ မြေပုံထဲဝင်ရောက်ပြီးနောက် စနစ်က လှောင်အိမ်ထဲတွင် သော့ခတ်ခံရန် ကစားသမားတစ်ယောက်ကို ကျပန်းရွေးချယ်မည်ဖြစ်ပြီး ကျန်ကစားသမားက သူတို့အားကယ်ဆယ်ရန် ဝင်္ကပါထဲက ဖြတ်သွားရပေမည်။ စုံတွဲက ပြန်လည်စုံစည်းသွားတာနဲ့ သူတို့ထွက်ပေါက်ကိုရှာဖွေရန်လိုပြီး လမ်းလယ်တွင် သူတို့အားနှောင့်ယှက်တားဆီးရန် မကောင်းဆိုးဝါးလေးအနည်းငယ်နှင့်အတူ နောက်ဝင်္ကပါဆီသို့ အတူတကွချီတက်ရမှာပင်။ ဒါက ဒီပထမquestရဲ့လုပ်ဆောင်ရမည့်ပမာဏပင်။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя