Chapter 37

5.8K 863 28
                                        

ZAWGYI

Chapter 37 – သူက ကြွေလွင့်တော့မဲ့ကြယ်ကို ရေဆိုးရေညစ်ထဲ ဆွဲချချင်နေတာ

_____________________

အမှောင်ဖုံးတဲ့လက တိုက်ရိုက်ထုတ်လွှင့်စရာရှိသေး၏။ PKပွဲတွေအား ကြည့်ပြီးနောက် သူarenaထဲ၌ပဲ ဆက်စောင့်နေလိုက်သည်။

ကြည်လင်နေမင်းဖြူနဲ့ကျန်းရှောင်းတို့က စိတ်ရှိသလိုပင် သူတို့တိုက်ရိုက်ထုတ်လွှင့်မှုအား ရပ်နားလိုက်ကြသည်။ သိပ်မကြာလိုက်ပါဘဲ ယွဲ့ရန်က သူသွားရမည့် အခန်းနံပါတ်ပါဝင်သောမက်ဆေ့ခ်ျတစ်စောင်ကို နေမင်းဖြူထံမှ လက်ခံရရှိလိုက်သည်။

ကျန်းရှောင်းသည်လည်းရောက်လာပြီး ဆင့်ခေါ်သူလေးကို စိုက်ကြည့်လိုက်သည်။

ယွဲ့ရန်က သူ့အားသံသယဝင်နေတာကြောင့် လူငယ်လေးကို သူကိုယ်တိုင်မမေးနိုင်ချေ။ သူ ချင်ရှို့ကျယ်အား WeChatမက်ဆေ့ခ်ျတစ်စောင်ပို့လိုက်၏။

ကျွမ်းကျင်နေပြီဖြစ်တဲ့ချင်ရှို့ကျယ်က သူ့ဝမ်းကွဲလေးအား မေးခွန်းမေးရန် တည့်တည့်သာသွားလိုက်သည်။

{Private} အဝတ်ပတ်ထားသောကုချင် : အမည်မသိစောင့်ရှောက်သူက ဘာဖြစ်နေတာလဲ? သူမင်းကိုလိုက်နေတာလား?

*အမည်းရောင်လိုင်းတွေက ယွဲ့ရန်မျက်နှာထက်ပေါ်လာပြီး သူ့အဖေရဲ့အွန်လိုင်းသရုပ်မှန်အား တာဝန်ရှိရှိကာကွယ်လိုက်တော့သည်။

[*အများအားဖြင့် manga or anime တွင်တွေ့နိုင်သည်။ မကောင်းသည့်ခံစားချက်များအား ပြသသည်။]

{Private} A----သတ်ဖြတ်သူ : မဟုတ်ပါဘူး ဒီတိုင်းသာမန်သူငယ်ချင်းပါပဲ

{Private} အဝတ်ပတ်ထားသောကုချင် : သာမန်သူငယ်ချင်းက မင်းကို “အသည်းလေး”လို့ ခေါ်တယ်ပေါ့?

{Private} A----သတ်ဖြတ်သူ : သူကအဲ့လိုပဲ

ချင်ရှို့ကျယ်က သံသယဝင်နေပြီး ကျန်းရှောင်းအား ရလဒ်ကိုပြောပြလိုက်သည်။

ကျန်းရှောင်းဖုန်းချလိုက်တော့ ကြယ်လင်နေမင်းဖြူက ဆင့်ခေါ်သူလေးကို အသံစကားပြောခန်းကနေ ပန်းပွင့်မတတ်ချီးကျူးမှုတွေ ပစ်လွှတ်နေတာအား ကြားလိုက်ရ၏။

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Место, где живут истории. Откройте их для себя