Chapter 15

4.7K 886 26
                                    

ZAWGYI

Ch15 - ကမ္ဘာပေါ်က အကောင်းဆုံးလနတ်ဘုရားကို ကာကွယ်မယ်!

____________

နောက်ပွဲအနည်းငယ်အတွင်း အမှောင်ဖုံးတဲ့လက စကားလေးတစ်လုံးတောင်မဟခဲ့ပေ။

သူက အိပ်မွေ့ချခံထားရသူတစ်ယောက်လိုမျိုး မိန်းမောနေခဲ့သည်။

အထိန်းအကွပ်လွတ်သွားတဲ့ယွဲ့ရန်က သူတို့သရုပ်ဆောင်မှုအပေါ် ပိုပိုပြီးအစွန်းရောက်စွာဆက်လုပ်ဆောင်နေခဲ့၏။ အမှောင်ဖုံးတဲ့လဘာမှမပြောရတဲ့အကြောင်းအရင်းဟာ ဒါဖြစ်နေမှာကို သူကြောက်ရွံ့နေတာပင်။ ကိုးပွဲမြောက်ပြီးတဲ့နောက်မှာ သူစာတစ်စောင်ပို့ကာမေးလိုက်သည်...

{Party} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး<: ငါ့ယောက်ျားရဲ့ဦးဆောင်မှုကို မင်းဘယ်လိုထင်လဲ? ငါ့လုပ်ဆောင်ချက်တွေက အများကြီးပိုကောင်းလာတယ်မလား[ခေါင်းမော့ရင်ကော့]?

အမှောင်ဖုံးတဲ့လက သူ့မော်နီတာကိုလုံးဝမမြင်ဖူးခဲ့သလိုမျိုး သူ့မြင်ကွင်းထဲရှိဓားသမားကို ငေးစိုက်ကြည့်နေသည်။

တိတ်ဆိတ်မှု ကြာလာလေလေ ယွဲ့ရန်ရဲ့နှလုံးခုန်သံကမြန်လာလေလေပင်။

သူ့မောက်စ်ကို တင်းတင်းဆုပ်ကိုင်ပြီး တန်ပြန်ရေးအစီအမံတစ်ခု အလျင်အမြန်တွေးတောလိုက်သည်။ သူနည်းဗျူဟာအသစ်တွေထုတ်မသုံးရသေးခင်မှာပဲ ကျန်းရှောင်းအသံက သူ့နားထဲဝယ်မြည်ဟည်းလာသည်
"အမှောင်ဖုံးတဲ့လ"

အမှောင်ဖုံးတဲ့လကပင်ကိုအလျောက်ဖြေလိုက်မိသည် "ဟမ်?"

ကျန်းရှောင်းကပြောလာသည် "ငါ့ပေါင်ပေ့လေး မင်းကိုမေးနေတယ်လေ"

"ပေါင်ပေ့လေး"ဆိုတာနဲ့ တစ်ဖန်ထပ်မံအရိုက်ခံလိုက်ရရင်း အမှောင်ဖုံးတဲ့လက သူဖြေရမဲ့မေးခွန်းကိုရုတ်ခြည်းအာရုံပြုမိသွားသည်။

သူမက်ဆေ့ခ်ျတွေကို လှန်လှောလိုက်ပြီးပြန်ဖြေလိုက်၏ "အင်း အများကြီးပိုကောင်းလာတယ်"

{Party} အနာဂတ်ကောင်းကင်ဘုံမုခ်ဦး<: ငါ့ယောက်ျားရဲ့ညွှန်ကြားဦးဆောင်မှုနည်းလမ်းက မင်းထက်ပိုကောင်းတယ်မလား?

ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]Où les histoires vivent. Découvrez maintenant