ZAWGYI
Chapter 52 – ယောက်ျား ဝမ်အန်း
_____________________
သူတို့အဆောင်lobbyမှာ တွေ့တဲ့အချိန် ယွဲ့ရန် ကျန်းရှောင်းကို ပထမဆုံးပြောတဲ့အရာကတော့
“အမှောင်ဖုံးတဲ့လက ကျွန်တော်တို့ တက္ကသိုလ်တစ်ခုတည်းမှာရှိမှန်း သိသွားပြီ”ကျန်းရှောင်း ဤအရာကို ခန့်မှန်းထားပြီးသားပင်။ သူတစ်ဖက်လူလက်ကိုဆွဲကာ ပထမအထပ်မှ လျှောက်ထွက်သွားလိုက်၏။
“ တက္ကသိုလ်တစ်ခုတည်းမှာ ရှိနေတာက ဘာကိုမှမဆိုလိုပါဘူး။ တကယ်လို့ ကိုယ်တို့ကိုဖော်ထုတ်မိသွားရင် ဒါကတိုက်ဆိုင်မှုပါလို့ ကိုယ်တို့ပြောလို့ရနိုင်တာပဲ”မသက်မသာခံစားနေရဆဲဖြင့် ယွဲ့ရန်ပြောလိုက်သည်
“ဘာပြစ်ချက်မှ မရှိဘူးလို့ ခင်ဗျားတကယ်ကြီးထင်နေတာလား”ကျန်းရှောင်းတိတ်ဆိတ်နေလျက်။
တကယ်တော့ ရေတွက်လို့ရနိုင်သည့်ဟာကွက်တွေ အရမ်းအများကြီးရှိနေသည်။ အခြားအရာတွေကို အပထား၊ ဟင်းလင်းပြင်နှင့် ကျန်ဂိုဏ်းသားတွေကပင် လမ်းလျှောက်နေသည့်ဘေးအန္တရာယ်ကြီး ဖြစ်နေလေသည်။ အကယ်၍ အမှောင်ဖုံးတဲ့လက စုံစမ်းရေးကို တကယ်ကြီးသူ့စိတ်ထဲထည့်ထားလိုက်ရင် သူအရာအားလုံးကို သလင်းကျောက်လို ကြည်လင်ရှင်းလင်းစွာ မမြင်နိုင်ခင် သူတို့ဆက်ဆံရေးအကြောင်း မေးလိုက်ရုံသာလိုပေသည်။
လူကြီးက ယွဲ့ရန်ကို ကြည့်ပြီး မေးလိုက်သည်
“မင်းအမှန်ကိုကြားချင်လား”တစ်ဖက်လူဘာကိုဆိုလိုမှန်း ယွဲ့ရန် ချက်ချင်းနားလည်သွားပြီး ဒေါသအမျက်ထွက်နေသည့်ကြောင်တစ်ကောင်လိုမျိုး ဒေါသူပုန်ထလာသည်။
“ဒါတွေအားလုံးက ခင်ဗျားအမှားတွေပဲ! ခင်ဗျား ဂိုဏ်းတွေကို ပေါင်းခဲ့တာလေ!”ကျန်းရှောင်းက ခပ်မြန်မြန်ပင် သားမွေးတွေကို ချောမွေ့စေလိုက်သည်။
“မင်းက အရမ်းကိုသဘောကျစရာကောင်းနေတာကြောင့်လေကွာ”ယွဲ့ရန် သူ့အား လျစ်လျူရှုထားလိုက်သည်။
ကျန်းရှောင်း ကိုယ်ကိုကိုင်းကာ လူငယ်လေး၏နှုတ်ခမ်းထက် ညင်သာစွာ နမ်းလိုက်သည်။
“စိတ်မဆိုးပါနဲ့ကွာ။ မင်းရဲ့လျို့ဝှက်ချက်ကို ထိန်းသိမ်းပေးဖို့ ကိုယ်တတ်နိုင်သမျှအားလုံး လုပ်ပါ့မယ်”
VOUS LISEZ
ဖယ်ရိုမုန်း သန္ဓေပြောင်းအိုမီဂါလေး(MM Translation) [Completed]
Roman pour AdolescentsThis is just translation. All credits to Original author.