Delicate Pain (Ep 1)

1.5K 123 6
                                    

Unicode

"နိုးပြီလား သဲတုန်"
"အင်း~~"

​ရေချိုးခန်းထဲကထွက်လာတဲ့အချိန်ကုတင်ပေါ်မှာငုတ်တုတ်​​လေးထိုင်ငိုက်နေတဲ့သဲတုန်ကိုအသံပြုရင်းမေးလိုက်တော့.. မျက်လုံးတောင်မဖွင့်နိုင်သေးတဲ့သဲတုန်ကအိပ်ချင်မူးတူးအသံလေးနဲ့သူနိုးပြီဖြစ်ကြောင်းထောက်ခံနေလေရဲ့.. ကိုယ့်သဲတုန်ကတော့လေအဲ့လိုအမူအရာသေးသေးလေးတွေကအစအရမ်းချစ်ဖို့ကောင်းနေတာ သဲတုန်ကိုယ်တိုင်တောင်သိရဲ့လား..

"သဲတုန်ကကွာ နိုးပြီသာပြောနေတယ် မျက်လုံးတောင်မပွင့်သေးပါလားကွ ဒါမှမဟုတ်. .သဲတုန်မျက်လုံးလေးတွေကျယ်သွားအောင်ကိုယ်နဲ့လေ့ကျင့်ခန်းလုပ်ကြမလား"

စ​နောက်ချင်လာတာကြောင့် ကုတင်ပေါ်တက်သွားကာသဲတုန်အနားတိုးကပ်ရင်းမေးမိတော့ ခေါင်းအုံးတစ်ကာကာနဲ့အော်သံထွက်လာတာနားအူမတတ်..

"ဦး!!!"

အနားကပ်လာ​ပြီး ပြီတီတီမျက်နှာထားနဲ့မေးနေသောဦးကိုခပ်ဆောင့်ဆောင့်လေးအော်လိုက်တော့ တဟာဟားနဲ့ရီနေသည်။

"အခုလေးတင်ဦးရေချိုးလာခဲ့တာမို့လား..ဦးရဲ့ခေါင်းထဲမှာအချိန်ပြည့်မဟုတ်တာ​တွေပဲတွေးနေတာလား"

bathrobeတောင်မလဲရသေးတဲ့ဦးထံကနေ မရှူရှိုက်ပါပဲနှာခေါင်းဝကိုတိုးဝင်လာတဲ့ရေချိုးဆပ်ပြာအနံ့ပြင်းပြင်း တစ်ဆက်တည်းကြားလိုက်ရတဲ့စကားတွေကအမြင်ကပ်စရာအတိ..

"ဟောဗျာ.. ကိုယ်ပြောတာက သဲတုန်မျက်လုံးကျယ်အောင် အားကစားလေ့ကျင့်ခန်းအတူတူလုပ်ကြမလားလို့ပါ သဲတုန်ကမှမဟုတ်တာတွေတွေးနေတာမဟုတ်ဘူးလား တကယ်လို့သဲတုန်အတွေးထဲမဟုတ်တာတွေရှိရင်လဲ ကိုယ်ကလိုက်လျောပေးမယ်လေ ရေကထပ်ချိုးလို့ရပါ.."

"ဦးလို့!!!"
"ဗျာ.."

မခံချင်အောင်စလိုက်တော့ နှုတ်ခမ်းဆူပြီးထပ်အော်ပါလေရော..Namjoonပြုံးပြီးထူးလိုက်တော့မျက်စောင်းတခဲခဲ..

"ဦးရဲ့အတွေးတွေကိုအချိန်ပြည့်နေရာယူထားတာ ဟောဒီအဆိုးလေးသဲတုန်ပဲလေ"

seokjinနဖူးကိုမနာအောင်အသာလေးတောက်ပြီးပြောတဲ့ဒီလူကြီးက စကားလုံးတွေနဲ့အမျိုးမျိုးခြွေသေးသည်။ ဒါပေမယ့်လဲ seokjinကအကြွေလွယ်တဲ့ပန်းမှမဟုတ်ပဲ။ မကြွေပေမယ့်လဲ ကြွေချင်ယောင်တော့ဆောင်ရဦးမှာပဲဖြစ်သည်။

DELICATE PAINWhere stories live. Discover now