Delicate Pain (EP 24)

564 76 27
                                    

Unicode

"hyung!!.. hyung!!"

‌အပေါ်ထပ်အိပ်ခန်းထဲမှာလဲမရှိ..။

"hyung~~"

ထမင်းစားခန်းထဲမှာလဲမရှိ..။

"သခင်လေးJeonဘာလိုချင်လို့ပါလဲ"

hyungကိုအော်ခေါ်နေပေမယ့်လည်း ‌သူ့အနားရောက်လာသည်က ဘိုးဘိုးwon။

"Kim Seokjinကိုလိုချင်တယ်"

"သခင်လေးဒဏ်ရာရလာတာပဲ.. ဒဏ်ရာတွေ‌ကို ဆေးထည့်ဖို့ပြင်ဆင်ပေးပါမယ်"

ဘေးမှအလုပ်သမားမိန်းက‌လေးတစ်ယောက်ကို ဆေးသေတ္တာယူရန် ဘိုးဘိုးwonကစေခိုင်းလိုက်သည်။

မြေခွေးကြီးရဲ့ အနားမှာလဲ မြေခွေးအိုကြီးတွေပဲဝိုင်းရံနေကြတာ။ Kim Namjoonကတော်ပါသည်။ သူ့လိုလူတွေချည်းအနားခေါ်ထား၏။ ဒီအိမ်မှာ Kim Namjoonပြီးလျှင် ဘိုးဘိုးwonကအာဏာအကြီးဆုံးဟုပြောလို့ရသည်။

Kim Namjoonအဖေရှိစဉ်ထဲကယခုချိန်ထိ နှစ်ပေါင်းများစွာသစ္စာစောင့်သိလာတာကြောင့် Kim Namjoonယုံကြည်ရသည့်သူလည်းဖြစ်သည်။ ကိစ္စတော်တော်များများကိုသိသူဖြစ်ပေမယ့် သစ္စာရှိလွန်းသူလဲဖြစ်တာကြောင့် ဘိုးဘိုးwonဆီမှ မည်သည့်သတင်းမှသိရဖို့မလွယ်။

"hyungဘယ်မှာလဲ"

"Jinလေးက ခြံထဲမှာပါ တစ်ယောက်တည်းနေချင်တယ်ဆိုလို့ သခင်ကြီးက ဘယ်သူ့ကိုမှနှောက်ယှက်ခွင့်မပေးထားပါဘူး.."

မနေ့ကကိစ္စကြောင့် hyungစိတ်မကောင်းဖြစ်နေတာ ဖြစ်မည်။

"ဒဏ်ရာတွေကိုဆေးထည့်ရပါမယ်သခင်လေး"

ထွက်သွားရန်ပြင်နေသည့် သူ့ကိုဘိုးဘိုးwonက ဟန့်တားသလိုပြောသည်။

"မလိုဘူး.. ဒီဒဏ်ရာလောက်က သူ့အလိုလိုပျောက်သွားလိမ့်မယ်.. အိမ်တော်ထိန်းwonစိတ်မပူပါ.."

"JK"

Jungkookနှုတ်ခမ်းစွန်းတွေမြင့်တက်သွားသည်။ သူ့တွေ့ချင်နေတဲ့လူသားလေးရဲ့အသံ..။ သူကြားချင်တဲ့နာမ်စားတော့မဟုတ်။ ဒီလူတော်တော်များနေပြီ။

"မင်းရန်ဖြစ်လာတာလား"

သူ့ဘက်လှည့်လာသည့် Jungkookမျက်နှာပေါ်ကဒဏ်ရာတွေကြောင့် seokjinနည်းနည်းတော့စိတ်ပူသွားသည်။

DELICATE PAINWhere stories live. Discover now