Delicate Pain (EP 7) 🔞

1.5K 92 18
                                    

Unicode

warning!!!🔞ပေးပါတယ်နော်😪
----------------

"သဲတုန် ဘောင်းဘီမဝတ်ထားဘူး"

"ဟာဗျာ..ဦးကလည်း ကျွန်တော်ဘောင်းဘီဝတ်ထားတယ်ဗျ.."

seokjin သူဘောင်းဘီဝတ်ထားကြောင်း မကျေမနပ်ဖြင့်ပြောလိုက်သည်။ ပေါင်တစ်ဝက်ရှိတဲ့အတွင်းခံဘောင်းဘီတိုလေးကို အရမ်းကြီးလွန်းသည့်အက်ျီကြောင့်သာမမြင်ရခြင်း။

"ပြီးတော့ ဦးဘောင်းဘီကြီးတွေက အကြီးကြီးတွေ ကျွန်တော့်ခါးနဲ့မတော်ဘူး ချောင်ကျနေတာ ကျွန်တော့်အတွက်အဝတ်အစားမဝယ်ပေးချင်ဘူးမို့လား.. ရတယ်.. ကျွန်တော်ဒီအတိုင်းပဲဝတ်မယ်.."

ကိုယ့်အရှေ့မှထွက်သွားကာ ဧည့်ခန်းတွင်းသို့ ဝင်သွားသည့်seokjinကို ကြည့်ရင်းNamjoonသက်ပြင်းတစ်ချချ။ ကိုယ်ဘယ်လောက်ဒေါသထွက်နေလဲ ကိုယ်သာအသိဆုံးဖြစ်၏။ အပြင်မထွက်ရန် အကြိမ်ကြိမ်မှာထားသည့်ကြားက ထွက်လာသည်မှာဒီလိုပုံစံနှင့်။ ထို့ပြင်Jungkookနှင့်အတူတူရှိနေခြင်းဖြစ်သည်။

ကိုယ့်အားမုန်းနေသည့် Jungkookသည် ကိုယ်နဲ့ပတ်သတ်သမျှအရာအားလုံးအပေါ် ဖျက်ဆီးချင်နေမှန်း Namjoonသိသည်။ တစ်ခြားအရာတွေကိုဘယ်လိုလုပ်လုပ် ကိုယ်မမှု။ သိုသော် သဲတုန်သည်တော့မဖြစ်။ ထို့ကြောင့်အလုပ်ကိစ္စများပြီးသည်နှင့်အမြန်ပြန်လာခဲ့၏။

သဲတုန်ကတကယ်ကိုဆိုးသည်။ Namjoon၏စကားအားလုံးဝနားမထောင်။ ပုံမှန်ကိုယ့်အမိန့်ကိုမနာခံလျှင် ပြစ်ဒဏ်တစ်ခုသာရှိသည်။ သေဒဏ်။ ယခုသဲတုန်အား အပြစ်တော့ပေးသင့်သည်မဟုတ်လား။ Namjoon သဲတုန်နောက်သို့လိုက်သွားလိုက်သည်။ ဧည့်ခန်းထဲရောက်တော့ သဲတုန်သည် ဆိုဖာပေါ်တွင် လှဲအိပ်ကာ အသီး​ခြင်းထဲမှအသီးများစားနေသည်။

စ​တော်ဘယ်ရီသီးစားနေသည့် သဲတုန်၏ကိုယ်ပေါ်သို့အုပ်မိုးလိုက်ကာ စတော်ဘယ်ရီသီးနှင့်တူသော နှုတ်ခမ်းရဲရဲလေးအား Namjoonစားသုံးလိုက်သည်။ သဲတုန်ရဲ့နှုတ်ခမ်းတွေက သဲတုန်စားနေတဲ့စတော်ဘယ်ရီတွေထက် ပိုပြီးစွဲမက်စရာကောင်းတာ သဲတုန်သိလား။

ကိုယ့်အနမ်းများအား မတုံ့ပြန်သလို ရုန်းကန်ခြင်းလဲမပြုသည့်သဲတုန်။ သဲတုန်၏ နှုတ်ခမ်းလေးတွင် ဘာကြောင့်သွေးစို့နေရသည်ကိုတော့ Namjoonတွေးမနေတော့ပါ။

DELICATE PAINWhere stories live. Discover now