Delicate Pain (EP 9)

671 91 10
                                    

Unicode

"Kim Seokjin"

seokjin ဧည့်ခန်းထဲမှာဖုန်းကြည့်နေချိန် Jeon Jungkook၏ခေါ်သံကိုကြားလိုက်ရသည်။ ဒီအိမ်တွင်seokjinအား မည်သူမျှနာမည်တပ်၍မခေါ်။ ဦးသည်ပင်လျှင် သဲတုန်ဟုသာခေါ်သည်။

ကိုယ့်ထက်ကြီးသူအား နာမည်ကြီးနှင့်ခေါ်နေတာကြောင့် ပြန်မထူးပဲ ဖုန်းသာဆက်ကြည့်နေလိုက်သည်။ အင်းး.. ဖုန်းဆိုမှ ဦးကseokjinအားဖုန်းပေးထားပြီလေ။ မနည်းတော့ပြောလိုက်ရတာပေါ့..။ ဦးလဲစဥ်းစားမိမှာပဲ.. သူ့လိုအာဏာစက်ပြင်းတဲ့လူကို ဖုန်းတစ်လုံးနဲ့seokjinကရဲတိုင်နိုင်မှာတဲ့လား..။

ဦးကိုထိခိုက်အောင်လုပ်လို့လဲအကျိုးမရှိ။ အခြေအနေသာပိုဆိုးလာနိုင်သည်။ ယခုအခြေအနေက အနည်းငယ်အဆင်ပြေသည်။ အရုပ်တစ်ခုကို ဘယ်သူမှကြာကြာသဘောမကျနိုင်ပါဘူး။

အရုပ်သစ်တွေ့လာခဲ့ရင် အရုပ်ဟောင်းကိုတော့ စွန့်ပစ်ကြမှာပဲ..။ seokjinတစ်ကိုယ်ကောင်းမဆန်ချင်ပေမယ့် သူ့နေရာကိုအစားဝင်မယ့်အရုပ်အသစ်မြန်မြန်ရောက်လာစေချင်မိတာတော့ ဝန်ခံသည်။ ဒါမှသူလွတ်လပ်မှာ...။

ဦးကseokjinရဲ့ အရင်ဖုန်းလေးကိုတော့ပြန်မပေး..။ အရင်လူတွေနဲ့ အဆက်အသွယ်ရှိစေချင်ဟန်မတူပါ။ ဦးရဲ့ဖုန်းno တစ်ခုသာထည့်ထားသည့် ဖုန်းအသစ်တစ်လုံးကိုတော့ သူ့အားပေးလာသည်။

ဒီအတိုင်းနေရမည့်အတူတူ ဖုန်းတစ်လုံးရှိနေသည်က သူ့အတွက်အများကြီးပိုကောင်းပါသည်။ သူ၏အရင် social media acc ကိုဝင်ရန် pwမမှတ်မိတာကြောင့် accအသစ်သာဖွင့်ထားလိုက်သည်။ ခုလည်း ကမ္ဘာကြီးနှင့် အဆက်အသွယ်ပြတ်ထားသမျှ ဟိုပွတ်ဒီပွတ်ဖြင့် လိုက်ကြည့်နေခြင်း..။

"Kim seokjin shi.."

"ငါမင်းထက်ကြီးတယ် အဲ့တော့ ယဥ်ယဥ်ကျေးကျေးခေါ်သင့်တယ်လို့မထင်ဘူးလား Jeon Jungkook shi"

ပြန်မပြောမချင်း ခပ်တည်တည်ဖြင့်ခေါ်နေသည့် Jeon Jungkookကတကယ်အနှောက်အယှက်..။ သူ့မှာ seokjinထက်ကြီးတဲ့ ဗလတွေရှိတယ်ဆိုပေမယ့်လည်း အသက်ကတော့ ငယ်နေတုန်းပဲမဟုတ်လား။ ရိုရိုသေသေဆက်ဆံရမှာပေါ့..။

"အာ့ဆို Jin hyun လို့ခေါ်ရမလား ဒါမှမဟုတ်... hyunလို့ပဲခေါ်ရမလား"

DELICATE PAINWhere stories live. Discover now