Delicate Pain (EP 8)

721 93 6
                                    

Unicode

seokjin အခန်းထဲကအခန်းပြင်မထွက်တာနှစ်ရက်ရှိပြီ..။ သူဘယ်သူ့ကိုမှမတွေ့ချင်လို့။ ဒါမှမဟုတ် သူ့ကိုယ်သူစိတ်မသန့်လို့ဘယ်သူနဲ့မှရင်မဆိုင်ချင်တာလို့ပြောရမလား။

အထူးသဖြင့် ဟိုJeon Jungkookနဲ့မျက်နှာချင်းမဆိုင်ချင်။ အဲ့ဒီကောင်ပြောသလို သူ့ခန္ဓာကိုယ်ကိုပေးလိုက်ရပြီမဟုတ်လား။ ရှက်ဖို့ကောင်းလွန်းသည်။

အိမ်ကြီးထဲမှာပဲနေ,နေရသည့်အပြင် အခန်းထဲမှအခန်းပြင်ပါမထွက်သည့်အခါ ပိုပြီးမွန်းကြပ်လာသည်။ ဘာပဲဖြစ်ဖြစ် အိမ်ကြီးကအကျယ်ကြီးပဲလေ။

တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့က သိပ်တော့မဖြစ်နိုင်လောက်ပါဘူး။ အခန်းထဲမှာပဲမနေချင်တော့တာကြောင့် တစ်ခုခုစားရန်​အောက်သို့ဆင်းလာလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အိမ်ကြီးဘယ်လောက်ကျယ်ကျယ် တစ်အိမ်ထဲနေသ၍တော့ မတွေ့ချင်လဲတွေ့နေရတာပေါ့။ ထမင်းစားပွဲမှာ မိန့်မိန့်ကြီးထိုင်ပြီးကော်ဖီသောက်နေတဲ့Jeon Jungkook။

သူဝင်လာတတာမြင်တော့ မျက်လုံးတွေကအရောင်လက်သွားသလားလို့။ သူအမြင်မှားတာပဲနေမှာပါ။

"သခင်းလေးJinအတွက် ဘာများလုပ်ပေးရမလဲ"

Jeon Jungkookရှိနေသဖြင့် seokjinအား သခင်လေးဟုခေါ်သောဦးလေးWon။

"Jinလို့ပဲ ခေါ်ပါဦးလေးwon ကျွန်တော့်ကိုရိုရိုသေသေဆက်ဆံစရာမလိုပါဘူး"

"ဒါပေမယ့်..."

"ဟုတ်သားပဲ အိမ်တော်ထိန်းWon"

ဦးလေးwonစကားအား ဖြတ်ပြောလာသော Jeon Jungkook..။

"Kim Seokjinကဒီအိမ်ကသခင်လေးတစ်ယောက်မှမဟုတ်ပဲ.. အသုံးတော်ခံတစ်ယောက်သက်သက်ပဲလေ တရိုတသေဆက်ဆံစရာမှမလိုပဲ မဟုတ်ဘူးလား Kim Seokjin shi"

သူ့ကို ခနဲ့ကာထိပါးပြောဆိုလာသည်။ အင်း.. လူကိုအမြဲတမ်းအထင်သေးပြီး နှိမ်ချပြောဆိုတတ်တဲ့ Jeon Jungkookက ကစားချင်နေမှတော့ သူကပါရမီဖြည့်ပေးရတာပေါ့။

ဖြစ်ခဲ့တာတွေအတွက် သူ့ဘက်ကစိတ်မသန့်သလိုခံစားမနေသင့်တော့ဘူး။ သူမှားခဲ့တာမှမရှိပဲ။ မဟုတ်ပဲအထင်ခံနေရမယ့်အတူတူ အရွဲ့တိုက်ပြီးလုပ်ပြချင်တာ...။ သူ့အဖေက ကောင်လေးတစ်ယောက်နဲ့အတူတူရှိနေတာကိုတော့ Jeon Jungkookသဘောမကျလောက်ဘူးမဟုတ်လား။

DELICATE PAINWhere stories live. Discover now