Delicate Pain (EP 23)

555 78 15
                                    

Unicode

ချက်.. ချက်.. ချက်

တချက်ချက်မြည်နေတဲ့ နာရီသံကိုတောင် ပီပီသသကြားရသည်အထိ တိတ်ဆိတ်မှုကအခန်းတွင်းကြီးစိုးလျက်။

အနီရောင်Luxuryဆိုဖာခုံတွေပေါ်မှာ မျက်မှာချင်း‌ဆိုင်ထိုင်နေသည့် လူနှစ်ယောက်။ လက်ချောင်းတွေယှက်ထားကာ လက်မထိပ်အချင်းချင်းထိဆိတ်နေသည့်လူတစ်ယောက်က စိတ်လှုပ်ရှားနေသည့်ဟန်။ ခေါင်းငိုက်စိုက်ကျနေသည်က အပြစ်ကျူးလွန်ထားမှန်းသိသာသည်။

တစ်ဖက်ဆိုဖာမှလူ၏ မျက်နှာပေါ်တွင် တင်းမာမှုကအထင်းသား။ စူးရဲနေသည့်မျက်ဝန်းတွေကလည်း မြားအစင်းပေါင်းမြောက်များစွာရဲ့ ထက်မြက်မှုတွေပါဝင်နေသယောင်။

"အခုမင်းလုပ်ရပ်က အဆင်ပြေသွားသလား..အလောတကြီးမလုပ်ဖို့ မင်းကိုငါသတိပေးခဲ့တယ်"

ညီဖြစ်သူရဲ့စကားက မှန်နေသည်မို့ ခေါင်းငုံ့ငြိမ်နေရုံသာ။

"မင်းငါ့ကိုမတိုင်ပင်ပဲ လုပ်ချင်ရာလုပ်လိုက်တဲ့အကျိုးဆက်က ဘယ်လောက်ဆိုးဝါးလဲသိလား.."

"ငါ.. ငါက အဲ့ကောင်လေးသာ.. မသန့်ရှင်းတော့ရင်.. Jung..Jungkook အဲ့ကောင်လေးကိုစိတ်မဝင်စားလောက်ဘူးထင်လို့"

လီချန်း သူ၏မျက်နှာကို လက်နှစ်ဖက်နဲ့ပွတ်သပ်လိုက်သည်..။ သူ့အစ်ကိုက အရမ်းတုံးအလွန်းတယ်။

"မင်းJeonနဲ့ ရင်းနှီးလာတဲ့နှစ်လဲမနည်းတော့ဘူး Jeonက သူသာစိတ်ဝင်စားရင် အဲ့ဒီလူဘာကြီးပဲဖြစ်နေပါစေ ဘယ်သူမှတားလို့ရမှာမဟုတ်ဘူးဆိုတာ မင်းမသိဘူးလား.."

အစ်ကိုဖြစ်သူက Kim seokjinဆိုတဲ့ကောင်လေးကို လူငှားပြီးမကောင်းကြံတဲ့အကြောင်း Jeonပြောမှသူသိရခြင်း။ ဖုန်းကတစ်ဆင့်ကြားရသည့်အသံကတောင် လူသတ်ချင်နေမှန်းသိသာသည်။ သူ့အစ်ကိုရဲ့လုပ်ရပ်က သူ့ထံမီးပွားလာစင်မှာတော့အမှန်။ Jeonအကြောင်းကို သူသိသည်။ ဒီကိစ္စက Jeonသည်းခံနိုင်တဲ့အတိုင်းအတာကိုအများကြီးကျော်လွန်သွားပြီ။

"Jeonမင်းကိုသတ်မှာကျိန်းသေတယ်"

"လီချန်း!!!!"

DELICATE PAINWhere stories live. Discover now