Delicate Pain (EP 49)

295 49 11
                                    

ဒီနေ့က ထုတ်ကုန်ပစ္စည်းမိတ်ဆက်တဲ့ညစာစားပွဲနေ့။

ကုန်ပစ္စည်းမိတ်ဆက်ပွဲကို KNJလက်အောက်က 5starဟိုတယ်တစ်ခုမှာ ကျင်းပသည်။

မီဒီယာသမားတွေနဲ့ မိတ်ဖက်လုပ်ငန်းရှင်တစ်ချို့ပါ ခန်းမထဲရောက်နေ၏။

Namjoonနဲ့ Jeon Young seokက သီးသန့်ခန်းထဲမှာ ရှိနေကြသည်။

"ဒီနေ့ ရှယ်ယာရှင်တွေလည်းတက်မှာဆိုတော့ ဒုတိယရှယ်ယာအများဆုံးပိုင်တဲ့ Kioဆိုတဲ့လူလည်း မဖြစ်မနေတက်ရောက်မှာပဲ"

ခုံမှာထိုင်နေသည့် Jeon Young seok က Kioဆိုသူအကြောင်း စကားစလာ၏။

မှန်တွေနဲ့ကာရန်ထားသည့် ဟိုတယ်ရဲ့ပြတင်းက တစ်မြို့လုံးကိုမြင်ရသည်။ မှန်ပြတင်းနားမှာရပ်နေသည့် Namjoonက ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်ထားကာ မြို့ရဲ့ညရှုခင်းကိုကြည့်နေ၏။

"Kioဆိုတာ Kim Taehyungဖြစ်နိုင်လား"

"မင်းဘယ်လိုထင်လဲ"

တည်ငြိမ်လွန်းသည့် Namjoonစိတ်ထဲ ဘာတွေတွေးနေမလဲ Jeon Young seok ခန့်မှန်း၍မရ။

"ငါမသိဘူး"

"....."

Jeon Young seok သက်ပြင်းချလိုက်သည်။

"တကယ်လို့ သူသာဆိုရင်.. ငါတို့ရဲ့အနီးဆုံးမှာရှိနေခဲ့တာ"

မျက်နှာကို လက်နှစ်ဖက်ဖြင့် သပ်ချလိုက်ပြီး။

"သူ့ကြောင့် သားရဲ့အနားကနေ ငါထွက်လာခဲ့ရတာ သူ့ကိုရှာရင်းနဲ့ သားနဲ့ငါဝေးနေခဲ့ရတာ"

တဖြည်းဖြည်း မခံမရပ်နိုင်ဖြစ်လာသည်။

"ဒယ်ဒီ့သေဆုံးမှုက.. အက်ဆီးဒင့်ကြောင့်လို့ပြောကြတယ်"

အဆက်အစပ်မရှိပြောလာသည့် Namjoonစကားက အရင်ဥက္ကဌကြီးသေဆုံးမှုအကြောင်း။ အဲ့အချိန်တုန်းက သူကJungkookကိုစောင့်ရှောက်နေတဲ့အချိန်မို့ သေဆုံးသည့်သတင်းကလွဲရင် ကျန်တာမသိ။

Namjoonဆက်ပြောလာမည်ကိုသာ နားထောင်နေလိုက်သည်။

"ငါကိုယ်တိုင်ကလဲ ဒယ်ဒီ့အနားမှာမရှိပဲ နိုင်ငံခြားရောက်နေခဲ့တယ် ဒယ်ဒီဆုံးလို့ လုပ်ငန်းတွေအကြပ်အတည်းဖြစ်သွား‌တာကို အခွင့်‌အရေးယူပြီး ထကြွလာတဲ့ အတွင်းပိုင်းမြေခွေးတွေအကုန်လုံးကို အဝေးကနေ ပြန်ထိန်းချုပ်နေခဲ့ရတာနဲ့ ဒယ်ဒီ့အက်ဆီးဒင့်အကြောင်း အသေးစိတ်မလိုက်နိုင်ခဲ့ဘူး"

DELICATE PAINWhere stories live. Discover now