Delicate Pain (EP 38)

449 65 17
                                    

Unicode

"ဒီနေ့ကစပြီး ကျွန်တော်လိုက်သွားလိုက်ပါမယ်"

ကားနားတွင် seokjinအားအလုပ်သွားရန်စောင့်နေသည့်လူကို ဒိုအင်ဆူးပြောလိုက်သည်။ အရင်ရက်က သူ့အားအနားယူဟုဆိုကာ သခင်လေးကသူ့အစားတခြားတစ်ယောက်နှင့်သွားသည်။

"သခင်လေးက မင်းကိုနားခိုင်းထားတယ်မဟုတ်လား"

"ကျွန်တော်လည်းအဆင်ပြေနေပါပြီ ပြီးတော့ ဘာမှကြီးကြီးမားမားဒဏ်ရာမရှိ‌ပဲ အကြာကြီးလဲမနားချင်ဘူး"

အားနည်းတယ်ထင်ရပေမယ့် ခေါင်းမာပုံရသည့် ဒိုအင်ဆူးကြောင့် ထိုလူဘာမှဆက်မပြောတော့။

"ကောင်းပြီလေ ဒါဆိုလဲ ဂရုစိုက်ဦး"

ထိုလူထွက်သွားပြီး ဒိုအင်ဆူးက ကားနားမှာဆက်စောင့်နေလိုက်သည်။ ခဏအကြာ အိမ်ထဲမှထွက်လာသည့် seokjinက သူ့ကိုမြင်တော့ မျက်မှောင်ကုတ်သွားသည်။

"မင်းကဘာလို့ဒီမှာရှိနေတာလဲ"

"ကျွန်တော်ကသခင်လေးအနားမှာရှိနေရမယ့်သူပဲကို"

seokjinသက်ပြင်းချလိုက်သည်။ ဒီကောင်လေးက သူ့စကား‌ဘယ်တော့မှနားမထောင်ဘူး။ အစကတော့ သူ့ကိုကြောက်သလိုလိုနှင့်။ ခုတော့ လုပ်ချင်ရာလုပ်နေသည်။

"မင်းကိုလည်း ပြောမရဘူး တော်တော်ခေါင်းမာတယ်"

ပြောပြောဆိုဆိုနှင့်ကားပေါ်တက်လိုက်သည်။ ပြောမယ့်သာပြောရတာ။ ဒိုအင်ဆူးနှင့်ဆို သူပိုပြီးစိတ်သက်သာရာရသည်မဟုတ်လား။ တခြားသူစိမ်းတစ်ယောက်က တစ်ချိန်လုံးသူ့အနားရှိနေသည်ထက် ဒိုအင်ဆူးရှိနေသည်က သူ့အတွက်အဆင်ပြေသည်။

-----

"သခင်ကြီး"

အနည်းငယ်အလောတကြီးဖြစ်နေသည့်Muyoungပုံစံက ပြဿနာတစ်ခုခုဖြစ်နေသလို။

"ဘာဖြစ်လာတာလဲ"

"ဟို.. အဲ့ဒါက.."

Namjoon၏အမေးကို ချက်ချင်းမဖြေပဲ တုံဆိုင်းနေသည်။

"ပြော.."

အကြည့်စူးစူးတစ်ချက်ပစ်လွှတ်လိုက်တော့မှ အလျင်အမြန်ပြောလာသည်။

DELICATE PAINWhere stories live. Discover now