Delicate Pain (EP 15)

620 87 4
                                    

Unicode

Jungkook ပြောသည့်ကလပ်က တော်တော်လေးအဆင်ပြေသည်ဟုပြောရမည်။ အလုပ်လျှောက်လွှာမပါပဲ အလုပ်ရခဲ့သည့်သူက Jungkookပယောဂမကင်းဘူးဆိုတာသိတာပေါ့..။ ဘာပဲဖြစ်ဖြစ်သူအလုပ်ရခဲ့ပြီ..။

ကလပ်ထဲက ပြန်ထွက်လာတော့ ကားကိုမှီရင်းရပ်နေသည့်ကောင်လေး။ အကြည့်မလွှဲချင်လောက်အောင်ကြည့်ကောင်းသည်ကိုတော့ဝန်ခံသည်။ ကလပ်ကိုလာကြတဲ့မိန်းကလေးတွေကလည်း သိသိသာသာကိုကြည့်နေကြတာ။

"မင်းငါ့နောက်ကလိုက်ခဲ့တာလား"

"ဆိုတော့ ခင်ဗျားကbartenderလုပ်မယ်ပေါ့.."

သူ့မေးခွန်းအားမဖြေပဲ မေးခွန်းထပ်ဆင့်မေးလာသည်။

"သတင်းကရောက်တာမြန်လိုက်တာ"

သူလည်းကားကိုမှီရင်း ကလပ်ဘက်ကိုမျက်နှာမူလိုက်၍ တလက်လက်တောက်ပနေတဲ့ ရောင်စုံLEDဆိုင်းဘုတ်ကိုကြည့်လိုက်သည်။

"Luv... အင်း.. ဒီလိုအဆင့်အတန်းမြင့်လွန်းတဲ့ကလပ်မှာ bartenderအနေနဲ့လုပ်ရရင်တောင်မဆိုးဘူးမဟုတ်လား"

ကားကိုမှီထားရာမှ သူ့အားလှည့်ကြည့်လာတဲ့ Jungkookကို မျက်လုံးထောင့်ကနေ သတိထားမိသည်။

"ခင်ဗျားက အရက်မှမသောက်နိုင်ပဲ.. အပြင်းဆုံးအရက်ကိုမှာ နှစ်ငုံလောက်သောက်ပြီး မူးနေတဲ့သူက bartenderလုပ်မယ်ဆိုတော့ ရယ်စရာမကောင်းဘူးလား"

"အဲ့တာ အရမ်းပြင်းသွားလို့ပါကွာ.. ငါမသောက်နိုင်ပေမယ့် အကိုမင်ဂျွန်းတို့သင်ပေးထားလို့ ကော့တေးတို့အရက်တို့ကို ကောင်းကောင်းလုပ်တတ်တယ်ကွ.. ဒါမှမဟုတ် ငါရောစပ်တဲ့အဖျော်ယမကာတွေကို မင်းကအရင်ဆုံးမြည်းကြည့်ပေးလေ..ဟားဟား"

မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ ကားထဲဝင်သွားတဲ့ Jungkookကြောင့် ရယ်လိုက်မိသည်။

"ဘာလုပ်နေတာလဲ အိမ်ထိလမ်းလျှောက်မှာလား.. ဝင်လေ.."

ဒီကောင်လေးက ဘယ်တော့မှ စကားကိုနားဝင်ချိုအောင်မပြောဘူး ။

အိမ်ရှေ့ကားရပ်သည်နှင့် အိမ်ထဲမှထွက်လာသည့်ဦးလေးwon။

"Jinလေး ဘာလို့နောက်ကျနေတာလဲ သခင်ကြီးအရမ်းစိတ်ပူနေတယ်"

DELICATE PAINWhere stories live. Discover now