Delicate Pain (EP 50)

572 60 9
                                    

"V&Jနဲ့ပတ်သက်တဲ့အချက်အလက်တွေပါသခင်ကြီး"

"မလိုတော့ဘူး"

Kim Taehyungအကြောင်း Namjoonစုံစမ်းပြီးသားဆိုတာ မသိသည့် Muyoungအနည်းငယ်ကြောင်သွားသည်။ သို့ပေမယ့် Namjoonအကြောင်းသိသူမို့ ဘာမှဆက်မတွေးတော့။

သူတို့သခင်ကြီးက ကိုယ့်အကျိုးအမြတ်ကို လာလုယူသွားသည့်သူကို ဘယ်တော့မှ အလွှတ်ပေးမည်မဟုတ်။

ဂျာမနီအလုပ်ရုံprojectတုန်းက ရသွားသည့်သူက သခင်လေးJeonမို့ သခင်ကြီး ဘာမှဆက်မလုပ်ပဲ လက်လျှော်လိုက်တာ။

အခု အပန်းဖြေစခန်းဆောက်ဖို့အတွက် ထိုမြေနေရာရရန် သခင်ကြီးအားစိုက်ခဲ့ရသည်။ သခင်လေးseokjinစက်ရုံသွားသည့်နေ့ကတောင် သခင်ကြီးလိုက်မသွားခဲ့ရပဲ ထိုမြေကိစ္စသွားခဲ့ရသည်။

ဘယ်လိုပဲဖြစ်ဖြစ် သခင်ကြီးက ထိုမြေနေရာကို လက်လျှော့မှာမဟုတ်ပေ။

--------------------------

'မဆိုင်တာကိုဝင်မပါနဲ့'

'ကိုယ်နဲ့မဆိုင်တာကိုဝင်ပါရင် နင့်ကိုသတ်ပစ်မယ်!!!'

'နင့်အမေနဲ့ နင့်အဖေကိုပါငါသတ်မယ်'

'သား.. သားလေး'

"မေမေ!!.. မေမေ!!.."

'ပြေးတော့!!! သားလေး.. seokjin သားလွတ်အောင်ပြေး!!'

"မေမေ.. ဖေဖေ!!..ကယ်ပါဦး.. မီးတွေ.."

seokjin၏ ကယောင်ကတန်းစကားတွေကြောင့် Namjoonနိုးလာခဲ့သည်။

"သဲတုန်"

"ဖေဖေကယ်ပါဦး.. မေမေ့ကိုကယ်ပါဦး"

မျက်ရည်တွေကျနေပြီး တစ်ကိုယ်လုံးချွေးစေးတွေ‌ထွက်ကာ ကယောင်ကတမ်းပြောနေသည့် seokjinကြောင့် Namjoonဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

"မေမေ.. ဟင့် မီးတွေ ကား.. ကားမီးလောင်နေပြီ မေမေ သားကိုမထားခဲ့ပါနဲ့.."

"သဲတုန်.. ဘာမှမဖြစ်ဘူး.. သဲတုန်"

အရင်တစ်ခါကလည်း ထိုကဲ့သို့ဖြစ်ခဲ့ဖူးသည်။

'နင်ခိုးနားထောင်နေတာမဟုတ်လား ဟမ်!'

မီးလောင်သည့်မြင်ကွင်းကပျောက်သွားပြန်၏။

You've reached the end of published parts.

⏰ Last updated: Oct 19, 2023 ⏰

Add this story to your Library to get notified about new parts!

DELICATE PAINWhere stories live. Discover now