Delicate Pain (EP 26)

577 78 24
                                    

Unicode

လီချန်းကားမောင်းရင်းနှင့် ပြုံးနေမိသည်။ လီချာဝူးအတွက် mommyမှာသည့် လိုအပ်သောပစ္စည်းများကို ဝယ်ပြီးအထွက်တွင် လူတစ်ယောက်ကို ကားနှင့်တိုက်မိမလိုဖြစ်ခဲ့သည်။

တစ်ခုခုထိခိုက်မိသွားလားဟု ဆင်းကြည့်တော့ ကားနှင့်တိုက်မိမလိုဖြစ်သည့်လူက Kim Seokjinဖြစ်နေသည်။ Jeonချစ်ရသည့်သူ။ ဒါတိုက်ဆိုင်သည်လား။

နာမည်ကိုအတည်ပြုသလိုပြောလိုက်တော့ သူ့ကိုသိလို့လားဟုမေးလာသည်။ Jeonအကြောင်းပြောတိုင်း လီချာဝူးနှုတ်ကထွက်လာသမျှ တစ်ဝက်လောက်မှာ Kim Seokjinပါသည်။ ထိုကောင်လေးအနားမှာ Jeonရှိနေတတ်သည်မို့ သူဆိုင်ရောက်တာနဲ့ cctvက‌နေအမြဲကြည့်ခဲ့ရသည်မဟုတ်လား။ သေချာပေါက် ရှေ့ကKim Seokjinဆိုသူကို သူသိတာပေါ့။ ဟိုတလောကတောင် ဒီကောင်လေးအတွက်ကြောင့် Jeonနဲ့ပြဿနာဖြစ်သွားသေးသည်ပဲ။ လီချာဝူးတောင်သေတော့မလို့။

ကိုယ့်ကိုသိနေသည့် လူတစ်ယောက်ကိုဘယ်သူလဲသိချင်သည်မှာ သဘာဝပါပဲ။ ဒါပေမယ့် သူ့ကိုယ်သူဘယ်လိုမိတ်ဆက်ပေးရမလဲ။ Jeon Jungkookနဲ့ တွဲနေတဲ့သူပါဆိုပြီး မိတ်ဆက်ရမလား။ မင်းအလုပ်လုပ်ခဲ့တဲ့ကလပ်ပိုင်ရှင်ဆိုပြီးပြောရမလား။

နောက်ရင်းရင်းနှီးနှီးသိရမှာပါဟုပြောလိုက်တော့ ထိုကောင်လေးကြည့်သွားသည့်အကြည့်က ကိုယ်ကပဲ မကောင်းသည့်လူလို။

မိန်းကလေးရော ယောက်ျားလေးပါ ငေးရသည့် သူ့လိုရုပ်ရည်မျိုးကို ထိုကဲ့သို့ကြည့်သည်မှာ ဒီကောင်လေးသာရှိမည်။

ခြေထောက်နာနေသည့်ပုံကြောင့် သူကူညီပေးမည်လုပ်တော့ သူ့အားပိုးမွှားတစ်ကောင်ကဲ့သို့ ဆက်ဆံခံလိုက်ရသေး၏။

မကြားအောင်ပဲပြောသွားသည်လား။ တမင်ကြားအောင်ပဲ ပြောသွားသလား။ ခပ်တိုးတိုးပြောသွားသည်က 'အလကား သိချင်ယောင်ဆောင်နေသည့် လူရှုပ်' ဟူ၍။

'အလှလေး'ဟု ခပ်ကျယ်ကျယ်ခေါ်တော့ မကြားချင်ယောင်ဆောင်သေးသည်။ သူဆိုတာက အရှက်အကြောက်ကြီးတဲ့သူမဟုတ်ဘူး။ လူတွေဝိုင်းကြည့်လည်း ပြဿနာမရှိ။ ဆက်အော်ခေါ်လိုက်တော့ ထင်သည့်အတိုင်း ရှက်တတ်ပုံပေါ်သည့်ကောင်လေးက လှည့်ကြည့်၍ လက်ခလယ်ထောင်ပြကာ ပါးစပ်လှုပ်ပြီး ဆဲသွားသည်။

DELICATE PAINWhere stories live. Discover now