Delicate Pain (EP 47)

340 53 10
                                    

"Hey Jeon!!!"

ဆူညံနေသည့်တီးလုံးသံတွေကြားမှာတောင် စူးခနဲကြားလိုက်ရသည့်အသံက နှစ်ယောက်မရှိသည့် Han Jun Woo။ အသံကြားရာအတိုင်းဝေ့ဝဲရှာတော့ တွေ့ပါပြီ လက်နှစ်ဖက်နှင့် အားရဝမ်းသာဝှေ့ယမ်းပြနေတာ။

"You are late"

"မင်းကသာစောနေတာ"

ခေါင်းတညိတ်ညိတ်နဲ့Jun Wooက ထပ်မပြောချင်ဘူးဟူ၍..

"ဘယ်မှာလဲ Yikyung"

မေးငေါ့ပြသည့်နေရာကိုကြည့်လိုက်တော့ Dancing floorထဲမှာ အသေအကြေနွှဲနေသည့် သကောင့်သား။ ဒီကောင်တော်တော်အရှိန်ကောင်းနေသည့်ပုံ။

"So.. what's going on? ငါဖုန်းဆက်တိုင်းမအားဘူး စာပို့လည်း replyက အင်း အဲ ဘာတွေအလုပ်များနေလဲ"

Jun Wooကမ်းပေးသည့်ဘီယာခွက်ကိုယူလိုက်ပြီး တစ်ခုံသောက်လိုက်သည်။

"ဒီလိုပါပဲ မင်းရောဘယ်လိုလဲ"

"သောက်ရမ်းအလုပ်ရှုပ်တာပေါ့ကွာ ပြီးတော့ ငါ့စိတ်တိုင်းကျမဟုတ်ဘဲ ငါ့အဖေရဲ့ဘောင်ထဲကလုပ်နေရတော့ ပိုစိတ်ကျဉ်းကြပ်တယ် အာ့ကြောင့် ငါလစ်လာတာ"

Jun Woo အဖေကစီးပွားရေးကိစ္စတစ်ချို့ကို သားဖြစ်သူJun Wooအားတာဝန်ယူစေချင်နေတာကြောင့် ဂျပန်ပြန်သွားခဲ့ရတဲ့ကောင်က အမိမြေကိုသတိရလို့ပါ ကိုရီးယားနိုင်ငံကြီးလွမ်းလို့ပါ သူငယ်ချင်းတွေတွေ့ချင်လို့ပါဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး အလုပ်တွေနဲ့ဝေးရာထွက်ပြေးလာတယ်ဆိုတာ သူတို့အသိဆုံး။

"Jeon!! ငါမင်းကိုအားအကျဆုံးပဲကွာ အေးဆေးပဲ အကုန်မင်းစိတ်တိုင်းကျ.."

ရုတ်တရက်မျက်နှာပျက်သွားသည့်Jungkookကြောင့် သူစကားမှားသွားပြီဆိုတာ သိလိုက်ပြီ။ ဒီပါးစပ်ကဘယ်တော့မှအရှိန်မထိန်းနိုင်ဘူး။

"မင်းအဖေကမင်းကိုကောင်းစေချင်လို့ပါကွာ မင်းကကြိုးစားရမှာငပျင်းရဲ့"

"အေးပါကွာ ငါလည်းကြိုးစားနေပါတယ်"

ပုံမှန်‌အတိုင်းအေးအေးဆေးဆေးပြောလာသည့်Jungkookကြောင့် Jun Wooစိတ်သက်သာရာရသွားသည်။

DELICATE PAINWhere stories live. Discover now