Delicate Pain (EP 37)

532 81 25
                                    

Unicode

"hyung.. hyungတွေ့ခဲ့တဲ့သူက ဒယ်ဒီဆိုတာသေချာလား"

seokjinအခု Jungkookအခန်းထဲရောက်နေတာ။ ထမင်းစားခန်းထဲကနေ သူ့လက်အားအတင်းဆွဲပြီးခေါ်လာခြင်း။

"အဲ့တာမေးဖို့ ဒီထိခေါ်လာရလား"

"ဒီအိမ်မှာ အကုန်လုံးက Kim Namjoonလူတွေချည်းပဲ.. မောင်ဘယ်သူ့ကိုမှမယုံဘူး.."

"ဒါဆိုငါကရော.."

seokjin Jungkook၏မျက်လုံးတွေကို သေချာကြည့်လိုက်သည်။

"ငါလည်း ဒီအိမ်ကပဲလေ.. ပြီးတော့ Joonနဲ့ လက်ထပ်ထားတဲ့သူ.. ငါကပိုမယုံကြည်.."

seokjinစကားအဆုံးထိမပြောနိုင်အောင် Jungkookလုပ်လိုက်သည်။

နူးညံ့သည့်နှုတ်ခမ်းဖူးဖူးလေးတွေက သူနာကြင်စေမည့်စကားလုံးတွေကို တမင်ရွေးပြောနေသည်ကြောင့် အပြစ်ပေးရမည်။

မထင်မှတ်စွာ သူ့အနမ်းတွေကို seokjinက တုံ့ပြန်လာသဖြင့် အနမ်းတွေကပိုပြီးကြာရှည်သွားခဲ့သည်။

သူ့ရင်ဘတ်အား လက်သွယ်သွယ်လေးများဖြင့် ပုတ်၍သတိပေးမှ အောက်ဆီဂျင်လိုအပ်နေကြပြီဆိုတာသိသည်။ ချိုမြိန်လှသည့်နှုတ်ခမ်းလေးအား လွှတ်ပေးလိုက်ရသည်။ မဟုတ်လျှင် အနမ်းလွန်၍ အောက်ဆီဂျင်ပြတ်လပ်ကာသေဆုံး ဟုသတင်းတွင်ပါလာတော့မည်။

မောဟိုက်နေသဖြင့် ဟစိဟစိဖြစ်နေသည့် ရှေ့ကနှုတ်ခမ်းလေးက သူ့လက်ချက်ကြောင့် နဂိုထက်ပိုနီရဲနေသည်။ Jungkookအကြည့်ကို seokjin၏နှုတ်ခမ်းမှ အမြန်လွှဲလိုက်ကာ seokjin၏မျက်ဝန်းတွေဆီပြန်ပို့‌လိုက်သည်။ ဒီလူကြီးနှုတ်ခမ်းတွေက အန္တရာယ်ရှိတယ်။

မျက်လွှာချထားသည့်seokjinအား မေးဖျားလေးကနေ လက်ဖြင့်မော့စေ၍ အကြည့်ချင်းပြန်ဆုံစေလိုက်သည်။

"နောက်တစ်ခါ Kim Namjoonနဲ့ လက်ထပ်ထားတာကို ခဏခဏထုတ်မပြောပါနဲ့.."

သူကိုယ်တိုင် လက်ထပ်ခိုင်းခဲ့သည်ဆိုသော်လည်း မျက်နှာပြောင်တိုက်စွာပင် သူကိုယ်တိုင်တမင်မေ့ထားသည်မို့ seokjin၏နှုတ်မှ ထိုစကားအားလုံးဝမပြောစေချင်ပါ။

"hyungက မောင့်ရဲ့လူ.. hyungကိုမောင်ယုံတယ်.. Kim Namjoonနဲ့လက်ထပ်ထားတယ်ဆိုရင်တောင် ဒါကပြောင်းလဲသွားမှာမဟုတ်ဘူး.. ဘာပဲဖြစ်ဖြစ် hyungကမောင့်အပိုင်ပဲ.."

DELICATE PAINWhere stories live. Discover now