Delicate Pain (EP 45)

1.4K 105 48
                                    

Unicode

စူးရှသည့်သခင်လေး၏မျက်ဝန်းတွေကိုကြည့်ရင်း အနှီးထုတ်ထဲက မျက်လုံးဝိုင်းဝိုင်းကြည်ကြည်တောက်တောက်လေးတွေကို ပြန်မြင်ယောင်မိသည်။

"ဘာလို့အခုလိုမေးတာလဲသခင်လေး"

"ကျွန်တော်မေးတာကိုပဲဖြေပါဦးလေးMin"

"သခင်လေးက သခင်ကြီးရဲ့သားပါ"

သူအမှန်တရားကိုပြောခြင်းဖြစ်သည်။ သခင်ကြီးဆိုတာ Young Seokကို‌ပြောခြင်းမဟုတ်ပေမယ့် သခင်လေးကလည်းအတိအကျမေးခြင်းမဟုတ်တာကြောင့် သူ့အဖြေကလုံလောက်ပါသည်။

အဖြေကိုကျေနပ်သွားသည့်Jungkookက ရှေ့မှဦးဆောင်၍လျှောက်သွားသည်။

"Kim Tae Hyungနဲ့တွေ့ခဲ့တယ်.. သူ့ဆီကအဓိပ္ပာယ်မရှိတာတွေကြားပြီး ကျွန်တော်အတွေးလွန်သွားခဲ့တာဖြစ်မယ်"

Jungkookက ခပ်ဟဟရယ်ရင်းခေါင်းခါမိသည်။ ခုတလောသူအိပ်ရေးပျက်တာများနေတာဖြစ်ရမည်။ အတွေးတွေကတကယ်ကို ရူးကြောင်ကြောင်နိုင်လွန်း၏။

"Kim Tae Hyungနဲ့မပတ်သက်သင့်ဘူးသခင်လေး"

ဓာတ်လှေကားထဲဝင်ပြီးသည်နှင့်မြေညီထပ်ခလုတ်ကိုဦးလေးMinကနှိပ်လိုက်သည်။

"Kim Tae Hyungအကြောင်း ကျွန်တော့်ကိုပြောပြပါလားဦးလေးMin"

တိတ်ဆိတ်သွားသည်‌ကြောင့် ဦးလေးMinဆိုသူကို Jungkookလှည့်ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်သခင်လေး ကျွန်တော်ကသူနဲ့သိပ်မရင်းနှီးဘူး ဒါကြောင့်သခင်လေးသိချင်တာကို မပြောပြနိုင်မှာစိုးတယ်"

Jungkookဆက်မမေးဖြစ်တော့ပေ။ ဦးလေးMinကိုယ်တိုင်ကမပြောပြလျှင် သူမည်သို့မျှမေးလို့ရမည်မဟုတ်မှန်းသိ၏။

လမ်းမကျယ်ကြီးထဲမှာ ရွေ့လျားနေကြသည့် များပြားလှသောကား‌များ။ အရွယ်အစားအကြီးအသေးဖြင့်အရောင်စုံလင်လှသည့် ထိုကားများထဲကမှ ပုံမှန်မောင်းနှင်နေသော BMWကားအနက်လေးတစ်စီး။

"ကျွန်တော်တို့မြို့ပြင်ရောက်တော့မယ်"

ကားပြတင်းပေါက်အပြင်ဘက်ကိုငေးနေသည့်seokjinက လီချန်းပြောသည်ကိုကြားပေမယ့် ဘာမှပြန်မပြော။

DELICATE PAINWhere stories live. Discover now