Delicate Pain (EP 17)

585 91 14
                                    

Unicode

စည်ကားလှတဲ့ မြောင်းဒုံလမ်းမတစ်လျှောက်မှာ seokjinကတော့ တော်တော်လေးပျော်နေပြီ။ လက်နှစ်ဖက်မှာလဲ စက္ကူနှင့်ထုတ်ထားသည့် ငါးပေါင်မုန့်ပူပူနွေးနွေးလေး။

ခုမှ လူ့လောကထဲပြန်ရောက်သလိုခံစားရသည်။ လွန်ခဲ့သည့်ရက်ကမှ ရထားတဲ့ လစာလေးကလဲ ရှိနေတော့ တွေ့သမျှကိုဝယ်စားနေတော့တာ။

"wah!.."

လူအုံနေသည့် ဆန်ကိတ်မုန့်ဆိုင်​လေးက seokjin၏အာရုံကိုဖမ်းစားသွားပြန်သည်။ ထို့ကြောင့် လက်ထဲမှ ငါးပေါင်မုန့်များကို ပါးစပ်ထဲထိုးထည့်လိုက်ပြီး ထိုဆိုင်ရှေ့ရှိ လူအုပ်ထဲသို့ဝင်တိုးလိုက်သည်။

မွှေးအီနေသည့် ဆန်ကိတ်မုန့်နံ့လေးကိုခံစားရင်း ပါးစပ်ထဲမှ ငါးပေါင်မုန့်များကိုလက်စသတ်လိုက်သည်။ ခဏကြာတော့ လူအုပ်ကြီးများထဲမှ seokjin၏အလှည့်သို့ရောက်လာလေသည်။

"ဝိုးး... အရသာရှိလိုက်တာ"

ဆန်မုန့်၏ချိုစိမ့်စိမ့်အရသာလေးက တစ်ခုပြီးတစ်ခုကိုစားချင်နေမိတာ။ ဆိုင်ရှေ့နည်းနည်းလေးပဲ လှမ်းသေးတယ် လက်ထဲမှာ မုန့်ကုန်သွားပြီ။ နောက်ပြန်လှည့်ကြည့်တော့ ခုဏလောက်လူမများပဲ အနည်းငယ်လူပါးနေသည်။

သူနှင့် အနည်းငယ် ခပ်လှမ်းလှမ်းတွင်ရှိနေသည့် အမည်းကောင်တွေကိုကြည့်လိုက်သည်။

"အင်း သူတို့လဲ ဗိုက်ဆာမှာပေါ့ သူတို့ကို ဝယ်ကျွေးရမယ်"

သူကျစားပြီး သူ့နောက်လိုက်နေတဲ့သူတွေကို ဗိုက်ဟောင်းလောင်းဖြင့်သူမထားနိုင်ပါ။ ဆန်ကိတ်မုန့်ဆိုင်ရှေ့ seokjinပြန်ရောက်သွားသည်။

ဆိုင်ရှင်အဘွားကတော့ အသက်ကြီးပေမယ့် မှတ်ဥာဏ်ကောင်းသည်ထင်ရဲ့ ထပ်လာဝယ်သည့်seokjinကို ဝမ်းသာအားရအပိုတွေထည့်ပေးနေတာ။

"ကျေးဇူးတင်ပါတယ်ဘွားဘွား.."

"ရတယ် ရတယ်.. နောက်လဲလာဝယ်ပေါ့"

အဘွားက ပရိုမိုးရှင်းတကယ်ကောင်းသည်။ အပြုံးချိုချို​လေးနဲ့အပိုထည့်ပေးပြီး စားသုံးသူကိုကြိုဆိုသည်။ ဒါကြောင့် ဆိုင်လေးသေးပေမယ့် လူအုံနေတာ။ တကယ်လဲ ဆန်ကိတ်မုန့်တွေက အရသာရှိသည်မို့ အခါအခွင့်သင့်ရင် seokjinဒီဆိုင်လေးမှာ လာဝယ်ဦးမှာပါ။

DELICATE PAINWhere stories live. Discover now