Delicate Pain (EP 48)

346 59 10
                                    

"ရှယ်ယာရှင်တွေရဲ့အချက်အလက်အကုန်လိုချင်တယ်"

ဂျလောက်...

‌တံခါးဖွင့်သံကြားတော့ ဖုန်းပြောနေသည့်Namjoonကလှည့်ကြည့်လာသည်။

ဝင်လာသည့်သူက seokjinဖြစ်နေတော့ ပုံမှန်အတိုင်းဖုန်းဆက်ပြောသည်။

"အကုန်လုံး.. လုပ်ငန်းအားလုံးရဲ့ ရှယ်ယာရှင်စာရင်းလိုချင်တာ"

"......"

"ဖြစ်နိုင်ရင် လွန်ခဲ့တဲ့ ၁၀နှစ်ကနေ အခုထိdataတွေပို့လိုက်"

ဖုန်းချပြီးသည်နှင့်..

"သဲတုန်ရောက်ပြီလား"

"Omm.. Joonဖုန်းပြောတာ အနှောက်အယှက်ဖြစ်သွားလား"

ခုံမှာထိုင်နေသည့်seokjinကို Namjoonအနောက်ကနေသိုင်းဖက်လိုက်ပြီး ဆံသားအိအိလေးတွေကိုနမ်းရှိုက်လိုက်ပြီးမှ..

"အနှောက်အယှက်ဖြစ်စရာ‌လား.. သဲတုန်ကိုမြင်လိုက်ရမှ ကိုယ့်‌စိတ်တွေက ကြည်လင်သွားတာ"

‌"ဟုတ်ပါပြီ ဟုတ်ပါပြီ"

"သဲတုန်ရဲ့အလုပ်တွေရော အဆင်ပြေလား အရမ်းပင်ပန်းနေပြီလား"

seokjinက Namjoonရဲ့လက်ချောင်းရှည်ရှည်တွေကို ထိကိုင်ဆော့ကစားနေသည်။

"ဒါပေါ့ အရမ်းအဆင်ပြေတယ် အကုန်လုံးက စီစဉ်ထားသလိုပဲ နည်းနည်းလေးတော့ပင်ပန်းတာပေါ့လေ စက်ရုံကိုပြေးရ ကုန်ကြမ်းပစ္စည်းသွားစစ်ရဆိုတော့... ဒါပေမယ့် Joonကဆုချမှာမဟုတ်လား ကျွန်တော်အလုပ်ကြိုးစားလို့လေ"

seokjinကထိုင်နေရာကနေ သူ့အားမတ်တပ်ရပ်ပြီးအနောက်ကနေဖက်ထားသည့်Namjoonကို မော့ကြည့်လိုက်သည်။

မွခ်ျ....

ခေါင်းမော့လိုက်သည်နှင့် ရုတ်တရက်နှုတ်ခမ်းအားအနမ်းခံလိုက်ရသဖြင့် ကြောင်သွားသည်။

ဘာမျှမတုံ့ပြန်လိုက်နိုင်ပဲ ထပ်မံပြီးနှုတ်ခမ်းသားတွေကို အနမ်းခံနေရပြီ။

ခေါင်းမော့ထားသည့်သူနှင့် ခါးကုန်းကာခေါင်းငုံ့နေသည့်Joon.. သူ့ရဲ့ခေါင်းက Joonရင်ဘတ်နှင့်ပင်တိုက်မိနေသလို။ အနေအထားကြီးက သိပ်တော့မဟုတ်သေး။

DELICATE PAINWhere stories live. Discover now