Delicate Pain (EP 43)

672 92 52
                                    

Unicode

ဆုံလည်‌ခုံပေါ်တွင် ငြိမ်သက်စွာထိုင်နေသည့် Namjoonကို Muyoungတိတ်တဆိတ်အကဲခတ်နေသည်။

တည်ငြိမ်နေသည့်အမူအရာက ဟန်ဆောင်ထားခြင်းလား တကယ်လားဆိုသည်ကို သူလည်းမသိ။ သခင်ကြီး၏အတွေးတွေကို သူမည်သို့မှ ခန့်မှန်း၍မရပေ။

Tae Hyungဘက်မှ သူ့အားဆက်သွယ်လာမည့်အချိန်ကို Namjoonစောင့်နေလိုက်သည်။

Kim Tae Hyung.... သဲတုန်အား Kim Tae Hyungခေါ်သွားသည်က အခြေအနေအမျိုးမျိုးရှိနိုင်သည်။ သူ့အားရန်စချင်ရုံသက်သက်။ ဒါဆိုရင်တော့ သဲတုန်အတွက် အန္တရာယ်မရှိနိုင်ပေ။

နောက်တစ်ခုက သူ့ကိုတိုက်ခိုက်ဖို့အတွက် သဲတုန်ကိုအသုံးချရန်။ ဒီလိုဆိုလည်း သူ့အားခြိမ်းခြောက်နိုင်ဖို့အတွက် သဲတုန်ဘာမှမဖြစ်ဖို့လိုအပ်သည်မို့ အရမ်းကြီးစိုးရိမ်စရာမရှိ‌။ Kim Tae Hyungဘက်က တုံ့ပြန်မှုကိုကြည့်ပြီး သဲတုန်ကို သူပြန်ခေါ်နိုင်သည်။

နောက်ဆုံးတစ်ခုက သူ့ကိုလက်စားချေဖို့... ဒါကတော့ သူလုံးဝခန့်မှန်းလို့မရသလို.. သူစိတ်အပူဆုံးအခြေအနေပင်။ ထိုသည်ကဘာမဆိုဖြစ်သွားနိုင်တာမျိုးမဟုတ်လား။

အဆိုးဆုံးဆိုသည့် အခြေအနေမျိုးကို သူ့ဘဝမှာဘယ်တုန်းကမှမကြောက်ခဲ့ဖူးပေမယ့် သဲတုန်နှင့်ပတ်သတ်လာလျှင်.. သူကြောက်တတ်လာခဲ့ပြီ။ အကြောင်းအရာသေးသေးလေးကအစ သူစိုးရိမ်တတ်လာပြီ။

Kim Tae Hyungလိုချင်သည်ကလဲ ထိုသို့သာဖြစ်ရမည်။

အခုချိန်မှာ သူ့ဘက်က Kim Tae Hyungဆက်သွယ်လာမည်ကို စောင့်ရန်သာရှိ၏။

----------------------

"လူကြီးမင်းခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်.."

တောက်!!!!!

Jungkook နားထဲက earphoneကိုထုတ်၍ ဘေးခုံပေါ်လွှတ်ပစ်လိုက်သည်။

ဒီမိန်းမသာ သူ့ရှေ့မှာရှိနေလျှင် ချက်ချင်းလည်ပင်းထညှစ်မိတော့မည်။

မရေမတွက်နိုင်သောဖုန်းခေါ်ဆိုမှုတိုင်းတွင် ထိုမိန်းမ၏စက်ပိတ်ထားသည်ဆိုသည့်အသံကိုသာကြားနေရ၏။ အရင်ထဲက မကြိုက်ခဲ့သော ထိုအသံက ခုချိန်မှာတော့ သူ့အတွက် အဆိုးဆုံးအနှောင့်အယှက်။

DELICATE PAINWhere stories live. Discover now