Delicate Pain (EP 16)

607 82 4
                                    

Unicode

"Jeonက ကောင်လေးတစ်ယောက်အတွက် အလုပ်တောင်းပေးတာလား.."

လီချန်း လက်ထဲကကော်ဖီခွက်ထဲကော်ဖီမှုန့်စစ်တဲ့ဇကာခွက်လေးတပ်လိုက်သည်။

"ကိစ္စမရှိဘူး Jeonက သူစိတ်ဝင်စားနေတဲ့အချိန်တော့ အဲ့လူအတွက် ဘာမဆို လုပ်ပေးမှာပဲ"

လူတစ်ယောက်အတွက်နဲ့ Jeonက ဒီလိုတောင်းဆိုမှုမျိုးတစ်ခါမှမလုပ်ဖူးခဲ့ပေမယ့်လည်း ဒါကိုသူလျစ်လျူရှုပေးထားနိုင်သည်။

"...."

လောလောလတ်လတ်ကြိတ်ထားသည့် ကော်ဖီမှုန့်တွေကို ဇကာခွက်လေးထဲထည့်ပြီး ရေနွေးလောင်းထည့်လိုက်သည်။ နှာသီးဝလေးကိုလာထိခတ်တဲ့ ကော်ဖီရနံ့က သူ့ကိုတကယ်လန်းဆန်းစေတာ။

"အလုပ်ကိုလိုက်ပို့တာက စိတ်ပူစရာမလိုပါဘူး.. Jeonက လူတစ်ယောက်အပေါ်စိတ်ဝင်စားရင်သုံးရက်ပဲ.. အဲ့ထက်နည်းနည်းပိုစိတ်ဝင်စားရင်လဲ တစ်ပတ်ပေါ့"

"...."

အခါးအရသာပဲကြိုက်တဲ့သူက ကော်ဖီထဲကို သကြားမထည့်ဘူး။ ကော်ဖီခွက်လေးကို နှာခေါင်းနားကပ်ပြီး အနံ့သင်းသင်းလေးကိုရှူရှိုက်လိုက်သည်။

"ငါကတော့ မာမီ့နားမှာပဲ လောလောဆယ်အချိန်ဖြုန်းနေရတာပေါ့ကွာ.. မင်းအန်တီလေးက ငါဒီကိုမရောက်ခင် ကြိုရောက်နေတဲ့ တစ်ပတ်လောက်လေး ခွဲခဲ့ရတာ အလွမ်းမပြေသေးဘူးဖြစ်နေတယ်"

"...."

"ဘာပဲဖြစ်ဖြစ်ကျေးဇူးပဲ... ငါ့လုပ်ငန်းတွေက မင်းကူညီပေးလို့ လှည့်ကြည့်စရာမလိုခဲ့တာ.."

ကိုယ့်စကားကြောင့် တစ်ဖက်ကဆဲသံကပီပီသသ..။

"ရွှေအိုရောင်မလေးတွေ​နဲ့ငါချိတ်ပေးမယ်လေ.. မင်းအတွက်မရှုံးပါဘူး အလုပ်ကြိုးစားလိုက်ပါဦး ငါ့အစ်ကို"

နားထဲက နားကြပ်ကို ပိတ်လိုက်ပြီး ကော်ဖီခွက်ကိုင်ကာ ဝရံတာဘက်ထွက်လာခဲ့သည်။

Jeonရဲ့ အလုပ်တွေကိုအာရုံစိုက်ပြီး လုပ်ချင်တာကြောင့် သူ့အလုပ်တစ်ချို့တစ်ဝက်ကို ဝမ်းကွဲအကိုနဲ့ပဲ ပစ်ထားခဲ့တာ။ မဖြစ်မနေသူလုပ်မှရတဲ့လုပ်ငန်းတွေက လွဲလို့ တစ်ခြားလုပ်ငန်းတွေကို သူဂရုမစိုက်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် ပိုင်ရှင်ကသူပါဆိုတာကို အတွင်းလူတွေကလွဲပြီး ဘယ်သူမှမသိကြဘူး။

DELICATE PAINWhere stories live. Discover now