Delicate Pain (EP 6)

742 97 18
                                    

Unicode

ခလွက်...

​အကောင်းပကတိဖုန်းလေးကတော့ အက်ရာပေါင်းများစွာနှင့်ပျက်စီးသွားခဲ့ပြီ။ ထို့အတူ အက်ရာထင်သွားသည့်နှလုံးသားတစ်ခုမပျက်စီးစေရန်တားချိန်ရမည်လား။

မိန်းကလေးများနှင့်သာမက ယောက်ျားလေးတစ်ချို့နှင့်ပါ Jungkookတွဲခဲ့ဖူးသည်။ သို့သော် အပျော်တွဲရုံသာ။ ဒယ်ဒီထောင်ကျပြီး မာမီဟိုလူနှင့်လက်ထပ်သည့်အချိန်မှစ၍ Jungkookလူတိုင်းအပေါ် အယုံအကြည်မရှိတော့။ ဒယ်ဒီချစ်သလောက်မာမီကသစ္စာဖောက်ခဲ့သည်။ ထို့ကြောင့်ဘယ်သူ့အပေါ်မှမချစ်တတ်အောင်နေခဲ့သည်။ ဒယ်ဒီလိုအဖြစ်မျိုးမကြုံချင်သလို မာမီ့လိုလူမျိုးနှင့်လဲမတွေ့ချင်။

အနှောင်အဖွဲ့တွေမလိုချင်တာကြောင့် တွဲခဲ့သည့်လူတိုင်းအပေါ်တွင်အလေးထားခဲ့ခြင်းလုံးဝမရှိ။ နှစ်ဦးနှစ်ဖက်စိတ်ကျေနပ်မှုရပြီးလျှင် ဇာတ်လမ်းဖြတ်ခဲ့သည်ချည်း။

သို့သော်ပထမဆုံးအနေနှင့် တစ်ခဏသာတွေ့ရသေးသည့်သူ့ဆီကို ခိုဝင်ချင်မိခဲ့သည်။ တွေ့ဖူးသမျှလူတိုင်းနှင့်မတူ ဖြူစင်လွန်းပုံရသည့်သူ့အယောင်ဆောင်မှုတွေထဲ Jungkookထောင်ချောက်မိတော့မလို့။

တစ်ညလုံးသူ့အကြောင်းသာတွေးနေမိသည်မို့ မနေနိုင်လွန်း၍ ဦးလေးMinအား ချက်ချင်းစုံစမ်းခိုင်းလိုက်သည်။ အလုပ်လုပ်ရာတွင်လျင်မြန်လွန်းသည့်ဦးလေးMinကြောင့်ပဲလား။ ဒါမှမဟုတ် ကိုယ့်အနီးအနားတွင်ရှိနေသည့် အချက်အလက်ကြောင့်ပဲလား။ အချိန်တိုအတွင်းသိလိုက်ရပေမယ့် ကြားလိုက်ရသည်က Jungkookနားကိုခါးစေသည်မှာအမှန်။

သူပထမဆုံးရင်ခုန်မိသည့်သူက သူအမုန်းဆုံးလူရဲ့.....

"တောက်..."

ဦးလေးMinပြော၍ ဟိုလူယုတ်မာကအတင်းအကြပ်ခေါ်ထားခြင်းဖြစ်ကြောင်းသိရသည်။ ပထမတွင်ငြင်းဆန်သော်လည်း နောက်ပိုင်းဆက်ဆံရေးအဆင်ပြေလာသည်တဲ့။ ဟက်.. နောက်ဆုံးတော့လဲ ဒီလိုစည်းစိမ်ချမ်းသာမှုတွေအပေါ်ကျဆုံးရသည်ပဲ​လေ။ ငြင်းခဲ့သည်ဆိုတာလည်းသူ့အ​ပေါ်ပိုင်ဆိုင်ချင်စိတ်ပိုပြင်းထန်လာအောင်ဟန်ဆောင်ခဲ့ခြင်းသာဖြစ်မည်။ လူတွေကခက်ခဲသည့်အရာကိုပိုလိုချင်ကြသည်မဟုတ်လား။

DELICATE PAINWhere stories live. Discover now