Delicate Pain (EP 13)

612 85 14
                                    

Unicode

"ကျွန်တော် ခင်ဗျားကိုအရမ်းလွမ်းနေတာ..ဦး.."

"သဲတုန်!.."

"အင်း.."

Namjoon နှာခေါင်းထဲတိုးဝင်လာတဲ့ စတော်ဘယ်ရီနံ့သင်းသင်းလေး.. ။ သေချာပါတယ်.. ဒီကောင်လေးက သူ့ရဲ့တစ်ဦးတည်းသော သဲတုန်။

ရင်ခွင်ထဲက သဲတုန်အား ပြန်လည်ထွေးပွေ့လိုက်သည်။ ဆံသားလေးတွေထဲ နှာခေါင်းနှစ်လိုက်ကာ တဝကြီးနမ်းရှိုက်လိုက်သည်။

ထို့နောက် လည်တိုင်လေးဆီသို့ အနမ်းတွေဦးတည်လိုက်တော့ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည့် သဲတုန်ကအလည်လေးပဲ..။

"နေပါဦး.. ဦးကိုပြောစရာရှိတယ်.."

ကိုယ့်လက်အား ဆွဲခေါ်၍ ကုတင်ပေါ်တွင်ထိုင်ခိုင်းသည်။

"အင်း.."

"ကျွန်တော် ဒီလိုကြီးမနေချင်ဘူး..."

မျက်နှာညိုးငယ်စွာ ပြောနေတဲ့သဲတုန်က သူ့အားနည်းချက်ကိုများသိနေသလား..။

"ဦးဆိုရင်ရော အခန်းထဲက အခန်းပြင်မထွက်ပဲနေနိုင်ပါ့မလား.."

"...."

"လူမပြောနဲ့ တိရစ္ဆာန်လေးတွေတောင် အလှောင်ခံထားရပြီး မနေချင်ကြဘူး.. အဲ့တာ ခင်ဗျားသိရဲ့လား.."

ဆိုတော့ သဲတုန်က ခုဏသူ့ကိုပြေးဖက်ပြီးချွဲတာ ခုလိုတွေတောင်းဆိုချင်လို့ပေါ့လေ...

"ဦးနဲ့ကျွန်တော် အပေးအယူလုပ်ရအောင်.."

အပေးအယူဆိုပါလား..

"ကျွန်တော် ဦးနားကထွက်မသွားဘူး.. ဂတိပေးနိုင်တယ်.. ပြီးတော့ ဦးကို အရမ်းချွဲပစ်နေတာမျိုးမဟုတ်ရင်တောင် ခုဏကလိုဆက်ဆံပေးနိုင်တယ်"

ဆိုလိုတာ သူ့အပေါ် သဲတုန်က ဟန်ဆောင်ပြီး ချစ်ပြနိုင်တယ်ပေါ့..။

"အဲ့တော့ ဦးဘက်က ပြန်ပေးရမှာက ကျွန်တော့်ကို ပုံမှန်အတိုင်းနေခွင့်ပြုဖို့ပဲ..."

"ပုံမှန်အတိုင်း?.."

"ဟုတ်တယ်.. ဒီလို အခန်းပိတ်ခံထားရတာမျိုးမဟုတ်ဘူး.. အိမ်ထဲကနေ ခြံထဲတောင် ထွက်ခွင့်မရှိတာမျိုးမဟုတ်ဘူး.."

DELICATE PAINWhere stories live. Discover now