Delicate Pain (EP 29)

504 81 15
                                    

Unicode

ဒေါက် ဒေါက်

"ဝင်ခဲ့"

ဝင်လာတဲ့သူကို Namjoonတစ်ချက်ကြည့်ပြီး ရှေ့မှlaptopဆီအာရုံပြန်စိုက်လိုက်သည်။

"ခင်ဗျားအားလား ကျွန်တော်ပြောစရာရှိတယ်"

ဆိုဖာခုံပေါ် ပျင်းတွဲတွဲဝင်ထိုင်လိုက်ပြီး ရှေ့က,စားပွဲပေါ်ခြေထောက်ချိတ်တင်လိုက်သည်။

Jungkookပြောမှာကို Namjoonနားထောင်နေလိုက်သည်။ ငါမအားသေးဘူး နောက်မှပြောဆိုလို့လဲ ဒီကောင်လေးက ရမည်မဟုတ်။

"မီးလောင်တဲ့ကိစ္စက တစ်ခုခုမှားနေတယ်မဟုတ်လား စက်ရုံကဖြစ်တာမဟုတ်ပဲ တစ်ယောက်ယောက်ကအကွက်ဆင်တာ"

စားပွဲပေါ်ရှိ စာအုပ်တွေထဲမှ တစ်အုပ်ကိုJungkookကောက်ယူကြည့်လိုက်သည်။

"ဒီတစ်ခါတော့ ခင်ဗျားအတွက် ဆုံးရှုံးမှုများမှာပဲ တော်ရုံနဲ့ပြီးသွားမယ်မထင်ဘူး"

"အဲ့တော့ ငါ့ကိုလာလှောင်တာလား"

"Noပါ ဒါကျွန်တော်အောင်ပွဲခံရမယ့်အချိန်မဟုတ်သေးဘူး ကျွန်တော်က ခင်ဗျားကို ကိုယ်တိုင်ဖျက်ဆီးချင်တာ"

လက်ထဲကစာအုပ်ကိုပြန်ချလိုက်ပြီး နောက်တစ်အုပ်ကိုဆွဲယူလိုက်၏။

"အဲ့အချိန်ကိုစောင့်နေမယ်"

Jungkookမျက်ခုံးတစ်ချင်ပင့်လိုက်ပြီး ခပ်ဟဟရယ်လိုက်သည်။

"ဒါပေါ့ အဲ့အချိန်ထိ ခင်ဗျားကသန်မာနေမှဖြစ်မှာ ခင်ဗျားကိုဖျက်ဆီးဖို့အားပိုစိုက်ရလေ အောင်မြင်တဲ့အခါ ပိုပျော်လေပေါ့ဗျာ"

Jungkookက အများကြီးအရွယ်ရောက်လာပေမယ့် Namjoonရဲ့မျက်လုံးထဲမှာတော့ အနှီးထုတ်ထဲက ကလေးလေးပဲ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်တုန်းက သူ့လက်ပေါ်မှာ တခစ်ခစ်ရယ်နေတဲ့ ကလေးလေး။ ခုတော့ သူ့ကိုအံတကြိတ်ကြိတ်။

"ဘယ်သူလဲတော့မသိပေမယ့် လက်စွမ်းကတော့ထက်သား လူတွေဆန္ဒပြတဲ့အထိတောင်လုပ်လာနိုင်တာ သူ့အရပ်နဲ့သူ့ဇာတ်ဆိုပေမယ့်လည်း ခင်ဗျားအပေါ်သက်ရောက်မှုက တော်ရုံမဟုတ်ဘူး"

DELICATE PAINWhere stories live. Discover now