Delicate Pain (EP 20)

853 82 15
                                    

Unicode

"သဲတုန်"

အိပ်ပျော်ခါနီး ခါးပေါ်ရောက်လာသည့် လက်ကြောင့် seokjinအနည်းငယ်လန့်သွားခဲ့သည်။ သူတကယ်ကျင့်သားမရသေးဘူး။

"အင်း.. Joon ဘာပြောမလို့လဲ"

"သဲတုန်အိပ်ပျော်သွားပြီထင်နေတာ.."

ဒီလူက သူအိပ်နေပြီထင်ပြီး အသားယူနေတာလား။ ဂုတ်သားတွေကိုနမ်းရှိုက်နေသည့် Joonကြောင့် seokjinလှဲအိပ်မနေတော့ပဲ ထထိုင်လိုက်သည်။

"အာ့ဆိုဘာလို့ ကျွန်တော့်ကိုခေါ်လဲ"

"ဒီတိုင်း.. ကိုယ့်နားမှာ Kim Seokjinဆိုတဲ့ လူသားလေးတစ်ယောက်ရှိတယ်ဆိုပြီး ခေါ်ကြည့်တာ.."

"ခင်ဗျားနားမှာ ဒီလောက်လူတွေအများကြီး‌ရှိနေတာ.. "

"ကိုယ်ကသဲတုန်ကိုပဲ ရှိနေစေချင်တာ‌"

ရုတ်တရက် ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရသည့် seokjinခင်ဗျာ အင့်ခနဲပဲ..။

"ဖြည်းဖြည်းဖက်ပါJoonရယ် ခင်ဗျားလုပ်လို့ အရိုးတွေကျိုးကုန်တော့မယ်.."

နှုတ်ခမ်းဆူပြီးပြောနေသည့် ကောင်လေးက အဲ့ဒီနှုတ်ခမ်းကြောင့် အန္တရာယ်ရှိလာမှာ မသိဘူးထင်ရဲ့။

"အရိုးတွေကျိုးကုန်တော့လဲ အဆင်ပြေတာပဲ အဲ့လိုဆို ကိုယ့်အနားက ထွက်မသွားနိုင်တော့ဘူး‌"

"ခင်ဗျား စကားကိုကြောက်စရာမကောင်းအောင် မပြောတတ်ဘူးလား"

တကယ်ပါ ဒီလူနဲ့Jungkookကအတူတူပဲ..။ ပြောလိုက်တဲ့စကားတွေက ညင်ညင်သာသာမရှိဘူး။

"ကိုယ်သဲတုန်ကိုချစ်တယ်"

တင်းကြပ်‌လာတဲ့ထွေးပွေ့မှုက seokjinအတွက် တကယ်ပဲနွေးထွေးရဲ့လား..။

ထိုလူရဲ့ ရင်ခုန်သံတွေကို သူနီးနီးကပ်ကပ်ကြားနေရတယ်..။

"ဒါခင်ဗျား ကြောက်စရာမကောင်းအောင်ပြောတာပေါ့လေ"

Namjoonရင်ခွင်ထဲက ရုန်းထွက်ကာ seokjinပြန်လှဲအိပ်လိုက်သည်။

"အဲ့ဒီစကားက သဲတုန်အတွက် ကြောက်စရာမကောင်းဘူးဆို ကိုယ်ကျေနပ်တယ်"

DELICATE PAINWhere stories live. Discover now