Delicate Pain (EP 31)

512 82 42
                                    

Unicode

"မစိုးရိမ်ရပါဘူးသခင်ကြီး အားနည်းသွားလို့ပါ သတိရလာရင်သောက်ဖို့ဆေးပေးခဲ့ပါမယ်"

"ဘာမှမဖြစ်တာသေချာလား"

လေသံမာမာက သူ့ကိုကျောပင်စိမ့်သွားစေ၏။

"သေချာပါတယ် သခင်လေး.. သခင်လေးseokjinဘာမှမဖြစ်ပါဘူး"

"ခုဏရုတ်တရက်ကြီးမေ့လဲသွားတာ အပြင်ပိုင်းပဲကြည့်ပြီးဆုံးဖြတ်လို့မရဘူးလေ နားကြပ်နဲ့ပြီးပြီးရောစမ်းသပ်ရုံလေး ခင်ဗျားတာဝန်ပြီးသွားပြီလား"

"ဗျာ"

"Kim Namjoon ခင်ဗျားလက်ထပ်ပွဲကို ရက်နည်းနည်းနောက်ဆုတ်လိုက် hyungကျန်းမာရေးအတွက် အသေးစိတ်စစ်ဆေးရဦးမယ်"

ကျွန်တော်ကဆရာဝန်ပါဗျာ။ အားနည်းရုံလောက်ကိုတော့ ‌သွေးခုန်နှုန်း နှလုံးခုန်နှုန်းကြည့်ရုံနဲ့သိပါတယ်လို့ပြောချင်ပေမယ့် သူမ‌ပြောရဲ။ ထိုသို့ပြောလျှင် သခင်လေးseokjinက ဘာမှမဖြစ်ပေမယ့် သခင်လေးJeonထရိုက်လို့ သူသေလိမ့်မည်။

သခင်ကြီးကို သူမျက်နှာငယ်လေးနဲ့ကြည့်လိုက်တော့ သခင်ကြီးကသက်ပြင်းချသည်။

"နိုးလာရင်တိုက်ရမယ့်ဆေးပေးခဲ့"

"ဟုတ်.. ဟုတ်ကဲ့ပါသခင်ကြီး"

လက်ဆွဲအိတ်ထဲရှိ ဆေးဘူး‌တွေထဲက ဆေးတစ်ချို့ထုတ်၍ ဆေးသေတ္တာအံလေးထဲထည့်ပေးလိုက်သည်။

"ဒါ.. ဒါဆို ကျွန်တော့်ကို ခွင့်.. ခွင့်ပြုပါဦး"

"အခုကစပြီး မင်းကိုအလုပ်ဖြုတ်လိုက်ပြီ.. KNJဆေးရုံမှာ မင်းအလုပ်လုပ်စရာမလိုတော့ဘူး"

အပြင်ထွက်ရန်ပြင်နေသည့် ခြေလှမ်းတွေတုန့်ခနဲရပ်တန့်သွားသည်။

"သ... သခင်လေး.. "

Jungkookကုတင်နားသွား၍ seokjinခြေထောက်ပေါ်မှစောင်ကိုအနည်းငယ်ဖယ်လိုက်သည်။

"hyungခြေထောက်မှာ ဒဏ်ရာရှိတယ်"

ဆိုဖာပေါ်ထိုင်နေသည့် Namjoonချက်ချင်းထလာ၍ seokjinခြေထောက်လေးအား သေချာကြည့်သည်။ ပွန်းပဲ့‌ဒဏ်ရာက ဖိနပ်နှင့်အကြိမ်များစွာပွတ်တိုက်မှုကြောင့်ဖြစ်နိုင်သည်။ ဖိနပ်ကြောင့်ရသည့် ဒဏ်ရာဆိုပေမယ့် အနည်းငယ်ကြီးသည်ဟုပြောရမည်။

DELICATE PAINWhere stories live. Discover now