Unicode
"မင်းသွားလို့ရပြီ"
ဒယ်ဒီ့အကြောင်းကိုစုံစမ်းခိုင်းထားတဲ့လူထွက်သွားသည်နှင့် ထိုင်နေရာမှထပြီး ဆေးလိပ်မီးညှိလိုက်သည်။ စားပွဲကိုမှီရပ်ကာ ညစ်နေတဲ့ စိတ်အစုံကို ဆေးလိပ်ငွေ့တွေနဲ့အတူ မှုတ်ထုတ်လိုက်၏။
"တခုခုလွဲနေတယ်လို့ မထင်ဘူးလား ဦးလေးMin"
ဆိုဖာခုံမှာ ထိုင်နေသည့် အသက်50နီးပါးယောက်ျားကြီးတစ်ယောက်။ တည်ကြည်တဲ့ရုပ်ရည်က လူကြီးလူကောင်းဆန်စွာ..။
"သခင်လေးဘယ်လိုတွေးမိလို့လဲ"
Jungkookပါးစောင်ကို လျှာနဲ့ ထိုးလိုက်ပြီး..
"ကျွန်တော်ခုထိစုံစမ်းလို့မရသေးတာ သုံးခုရှိတယ်.."
Jungkookဆိုဖာခုံနားလျှောက်လာပြီး ဦးလေးMinနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။
"ပထမတစ်ခု.. လူသတ်မှုတစ်ခုကို ဆယ်နှစ်ကျော်ကြာပြီးမှ ဒယ်ဒီက အပြစ်ဝန်ခံပြီးထောင်ကျသွားတယ်.. ဒါပေမယ့် ထောင်ကျပြီး ဆယ့်နှစ်နှစ်ကြာတဲ့အထိ ဘယ်အကျဉ်းထောင်မှာမှ ဒယ်ဒီ့ကိုရှာလို့မတွေ့ဘူး.."
Jungkookတို့မိသားစုလေး ပျော်ရွှင်ပြီးအဆင်ပြေနေတဲ့အချိန် Kim Namjoon ရောက်လာမှ ပြောင်းလဲသွားတာ။ ရုတ်တရက်ကြီး ဒယ်ဒီကလူသတ်မှုကိုဝန်ခံတယ်။ ဘာလို့လဲ။ Kim Namjoon ပေါ်လာမှ ဒီလိုလုပ်တာ မထူးဆန်းဘူးလား။ Jungkookကတော့ ငယ်ငယ်လေးထဲက ဒယ်ဒီလူမသတ်ခဲ့ဘူးဆိုတာယုံကြည်တယ်။ ခုထိလည်းယုံကြည်နေတုန်းပဲ။
ဒယ်ဒီ့ကို အဲ့ဒီလူယုတ်မာ ဘယ်မှာဖွက်ထားမလဲ။ သူ့ကိုရောဘာလို့မဆက်သွယ်တာလဲ။ Kim Namjoonက ဆက်သွယ်လို့မရအောင်လုပ်ထားတာလား။ ဒါမှမဟုတ် ဒယ်ဒီအသက်ရှင်နေသေးရဲ့လား။ ဘယ်သူ့ကိုမှ မမေးဖြစ်ပေမယ့် Jungkookအမြဲတမ်းအဖြေရှာနေမိတာ။ ဒယ်ဒီအသက်ရှင်နေပါစေဆိုတဲ့ မျှော်လင့်ချက်လေးနဲ့။
အချိန်တွေကြာပြီး မျှော်လင့်ချက်တွေ ယိမ်းယိုင်လာလေ Kim Namjoonကိုအသွေးအသားထဲထိမုန်းလေ။
"ဒုတိယတစ်ခု ဒယ်ဒီသတ်လိုက်တယ်ဆိုတဲ့ အမျိုးသမီးအကြောင်းစုံစမ်းလို့မရဘူး.. အဲ့ဒီအမျိုးသမီးရဲ့ မိသားစုဝင်တွေအကြောင်းကတော့ အစ,ရှာလို့ကိုမရတာ"
![](https://img.wattpad.com/cover/291821404-288-k584070.jpg)
YOU ARE READING
DELICATE PAIN