Delicate Pain (EP 41)

528 83 41
                                    

Unicode

"မောင်.. Jungkook!!"

Jungkookအား အော်ခေါ်ကာ ဓာတ်လှေကားထဲမှထွက်ပေမယ့် သူထွက်၍မရတော့။ Jungkook၏အဖေဖြစ်သူက သူ့ရှေ့မှာပိတ်ရပ်ထားသလို ဓာတ်လှေကားတံခါးကလည်းပိတ်သွားခဲ့ချေပြီ။

"မင်း.. ငါ့သားနဲ့ဘယ်လိုပတ်သက်လဲ"

seokjinကတော့ သူအား Jungkookကိုခေါ်ခွင့်မပေးပဲ ရှေ့မှပိတ်ရပ်ထားသည့်Jeon Young Seokကို နားမလည်သလိုသာကြည့်နေသည်။

"ခုဏက ခင်ဗျားဘာလို့ကျွန်တော့်ရှေ့ပိတ်ရပ်နေတာလဲ.. Jungkookကိုမတွေ့ဘူးလား.. သူကခင်ဗျားကိုအရမ်းတွေ့ချင်နေတယ်"

"မင်းငါမေးတာကိုဖြေ"

"အခုအဲ့တာအရေးကြီးလို့လား.. ခင်ဗျားသားနဲ့အပြေးသွားတွေ့သင့်တာမဟုတ်ဘူးလား.. Jungkook Jeon Jungkook.. ခင်ဗျားသား.. သူခုဏလေးတင်မှထွက်သွားတာ.. ခင်ဗျားက ကိုယ့်သားနဲ့တွေ့ဖို့အခွင့်အရေးကို လက်လွှတ်လိုက်တာပဲ"

မေးသည်ကိုမဖြေပဲ မဟုတ်တာတွေပြောလာသည်ကြောင့် Jeon Young Seok ဒေါသထွက်လာသည်။ ဓာတ်လှေကားနံရံကိုမှီပြီး စိတ်လျှော့လိုက်ကာ..

"မင်းတော်တော်စကားများတယ်.. ငါ့သားကို ငါတွေ့တာမတွေ့တာကမင်းနဲ့မဆိုင်ဘူး.. ဝင်မပါနဲ့"

Jeon Young Seok သူ့ရှေ့မှseokjinအား အထင်သေးသလိုကြည့်ကာ။

"ငါ့သားနဲ့ဝေးဝေးနေ.. Namjoonဆီမှာ မင်းကိုယ်မင်းငွေနဲ့ရောင်းပြီးရင်လည်း အဲ့ကရတဲ့ပိုက်ဆံတွေနဲ့သုံးဖြုန်းနေလိုက်တော့.."

‌Namjoonအား ယောက်ျားလေးချင်းလက်ထပ်ရန် seokjinကပိုက်ဆံကြောင့်လက်ခံသည်ဟုသာ Jeon Young Seokတွေးထားသည်။

"မင်းငါ့သားနဲ့ပတ်သက်လို့ငါ့သားဒုက္ခရောက်ရင် ငါမင်းကိုဒီတိုင်းမထားဘူး"

seokjinကတော့ Jeon Young Seokစကားများကြောင့် အံ့ဩလွန်း၍စကားပင်ပြန်မပြောနိုင်။ သူက သူ့ကိုယ်သူ Kim Namjoonဆီငွေနဲ့ရောင်းခဲ့တာတဲ့လား။ သူ့ဘဝမှာဘယ်လောက်ထိအစော်ကားခံနေရဦးမှာလဲ။ ရင်ထဲကနေလှိုက်တက်လာသည့် ဝမ်းနည်းခြင်း၊ခံပြင်းခြင်း၊ဒေါသထွက်ခြင်း ခံစားချက်အကုန်လုံးကို ချစ်ရသူအတွက် အတင်းပြန်ပြီးမြိုသိပ်ထားလိုက်သည်။

DELICATE PAINWhere stories live. Discover now