Delicate Pain (EP 33)

568 82 16
                                    

Unicode

"Kim Namjoon!"

ရှေ့မှပိတ်ရပ်လာသည့် Tae Hyungကြောင့် Namjoonခြေလှမ်းတွေရပ်တန့်သွားသည်။

"လောလော လောလောနဲ့ဘယ်သွားမလို့လဲဗျ"

အပြုံးချိုချိုနှင့် Kim Tae Hyungက ဘာတွေကိုကြံစည်ထားသည်လဲ။ ခုချိန်မှာ Tae Hyungအကြောင်းကို Namjoonအာရုံမစိုက်နိုင်သေးဘူး။ ဟိုတယ်CCTVတွင်မြင်ခဲ့ရသည့် Jungkookက seokjinအားပွေ့ချီကာ ထွက်သွားသောပုံရိပ်သာ သူ့စိတ်ထဲကြီးစိုးနေသည်။

"အသစ်စက်စက် ခင်ပွန်းလေးကိုလည်း မတွေ့မိပါလား"

ဘေးပတ်ဝန်းကျင်ကို Tae Hyungဝေ့ကြည့်လိုက်ပေမယ့် seokjinအားမတွေ့။ Kim Namjoonရဲ့အနောက်တွင်လည်း နောက်လိုက်တစ်ချို့သာရှိသည်။

"မင်းသူ့ကိုတွေ့စရာကိစ္စရှိလို့လား"

Tae Hyung နှာခေါင်းထိပ်လေးအား လက်ညိုးလေးနှင့်အသာပွတ်လိုက်သည်။

"ရှိတာပေါ့ သူနဲ့ပြောရမယ့်ကိစ္စတွေ ဘယ်လောက်တောင်များလိုက်လဲ"

"Kim.. Tae.. Hyung.."

Namjoon အံကြိတ်၍ပြောသည်ကြောင့် Tae Hyungအသံထွက်ကာရယ်လိုက်သည်။

"အဲ့လောက်လဲ မစိုးရိမ်ပါနဲ့ဗျာ ခင်ဗျားမပီသလိုက်တာ ကျွန်တော်ကနောက်တာကို တကယ်တော့ နှုတ်ဆက်ချင်ရုံလေးပါ"

"မလိုဘူး"

Namjoon ရှေ့မှပိတ်ရပ်ထားသည့်Tae Hyungအား ‌ရှောင်ထွက်သွားလိုက်သည်။ သို့ပေမယ့် ထပ်မံပိတ်ရပ်လာသည့် Tae Hyungကြောင့် Namjoonနောက်မှလူတွေကသေနတ်ထုတ်ကာ Tae Hyungအားချိန်ရွယ်လိုက်ကြသည်။ ထို့အတူ Tae Hyungနောက်မှလူများကလည်း သေနတ်များထုတ်လိုက်ကြသည်။

"အိုးး ဖြည်းဖြည်းပေါ့ ဒီလောက်အလျင်လိုနေတာဆိုတော့ မဟုတ်မှလွဲရော.. Kim Seokjinပျောက်သွားလို့လား"

"မသေချင်ရင် ခုချက်ချင်းဖယ် ငါမင်းနဲ့ကစားဖို့မအားဘူး"

စူးရဲနေသည့် Namjoon၏အကြည့်တွေထဲမှာ လူသတ်ငွေ့တွေပြည့်လျှံနေသည်ကို Tae Hyungတွေ့ရသည်။

"မှန်နေတာပဲ Kim Seokjinပျောက်တာ"

နဖူးကြောတွေထောင်ထလာသည်အထိ Namjoonသူ့ဒေါသကိုထိန်းထားသည်။ ခုချိန်မှာ ဘာကြောင့်ပဲဖြစ်ဖြစ် သဲတုန်ကိုရှာတာ နှောင့်နှေးလို့မဖြစ်။ Jungkookက သူ့ကိုဒုက္ခပေးချင်သည်နှင့် သဲတုန်အား ဘယ်လိုလုပ်ရပ်တွေလုပ်မည်လဲ သူမသိနိုင်။ ထို့ကြောင့် အခုချက်ချင်းတောင် သတ်ပစ်လိုက်ချင်သည့် Kim Tae Hyungနှင့်လည်း ပြဿနာမဖြစ်ချင်ပါ။

DELICATE PAINWhere stories live. Discover now