Delicate Pain (EP 34)

509 88 21
                                    

Unicode

"သခင်လေးတို့ရောက်လာပါပြီသခင်ကြီး"

တစ်ညလုံးဧည့်ခန်းထဲတွင်သာ ထိုင်နေသည့်Namjoonက တစ်ရေးမှမအိပ်ရသေး။ အိမ်တော်ထိန်းwonလာပြောသည့်စကားအဆုံး Namjoon ထိုင်နေရာမှထ,သွားသည်။ အိမ်တော်ထိန်းwonလည်း Namjoonနောက်အမြန်လိုက်ရတော့သည်။

ခွပ်!

ကားပေါ်မှဆင်းလာသည့်Jungkookအား Namjoon အားကုန်လွှဲထိုးလိုက်သည်။

"မောင်!!"

"ဒီကိုလာခဲ့!!"

seokjinအား Namjoonဆွဲခေါ်လိုက်သည်။

"လွှတ်!! Joon!"

Namjoonလက်ထဲမှ လွတ်အောင် ရုန်းကြည့်ပေမယ့်မရ။ Namjoonဆုပ်ကိုင်ထားသည့် seokjin၏လက်ကောက်ဝတ်တွေတောင်နာလာသည်။

"ဟက်"

နှုတ်ခမ်းထောင့်က သွေးစအနည်းငယ်ကို Jungkook လက်ခုံဖြင့်ပွတ်သုတ်လိုက်သည်။

"Wahh.. Kim Namjoon.. တစ်ညလောက်လေးနဲ့အထိမခံ နာကြင်နေပြီလား ရှေ့ဆက်ခင်ဗျားခံနိုင်ရည်ရှိပါ့မလား"

seokjinအား အိမ်တော်ထိန်းwonအနားတွင် ရပ်နေစေကာ Jungkookအနားသွား၍ လည်ပင်းမှအင်္ကျီစကို ဆုပ်ကိုင်လိုက်သည်။

သခင်လေးအား Jeon Jungkookပြန်ခေါ်လာသည်ဟုသိရသဖြင့် အိမ်တော်ကြီးဘက်သို့ ဒိုအင်ဆူးအမြန်ထွက်လာခဲ့သည်။ ဒဏ်ရာများကြောင့် မင်္ဂလာပွဲသို့မသွားနိုင်သဖြင့် သခင်လေးအနားမရှိနိုင်ပေမယ့် သတင်းတွေအကုန်လုံး သူကြားသိရပါသည်။

"Joon!!"

"အဲ့မှာပဲနေ!!!!"

seokjin၏အသံနှင့်အတူ Namjoon၏အော်သံကြောင့် ဒိုအင်ဆူး‌ ခြေလှမ်းတွေကိုအရှိန်တင်လိုက်သည်။

Jeon Jungkookလည်ပင်းမှအင်္ကျီစအား ဆွဲကိုင်ကာ ဒေါသတကြီးဖြစ်နေသည့် Kim Namjoon။ သွေးအေးလွန်းတဲ့ Kim Namjoonဆိုသူက ခုကျတော့လည်း သွေးတွေဆူပွက်နေလိုက်တာ။

"အချိန်ကိုက်ရောက်လာမိတာပဲ ဒီလိုမြင်ကွင်းကောင်းကို မြင်နိုင်ဖို့အတွက်"

Kim Seokjinနှင့်ပက်သတ်လာလျှင် Kim Namjoonကအမြဲတမ်းထိန်းချုပ်မှုလျော့နည်းလာတတ်သည်။

DELICATE PAINWhere stories live. Discover now