Delicate Pain (EP 46)

397 59 21
                                    

"မောင်!... လွှတ်ဦး.. အတင်းမဆွဲနဲ့ နာတယ်လို့"

ရုတ်တရက်ရပ်လိုက်သည့်Jungkookက seokjinဘက်လှည့်ကာ seokjin၏လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။

"မောင့်ကိုဘာလို့လိမ်တာလဲ"

မာထန်နေသည့်လေသံမျိုးမဟုတ်ပေမယ့် နူးညံ့ခြင်းလည်းမရှိပေ။ ထိုသည်ကပဲ seokjinကိုစိုးရိမ်စိတ်ပိုစေသည်။

"Companyမှာ မောင် hyungအနားကထွက်သွားခဲ့တာနဲ့ တစ်ရက်တိတိhyungပျောက်သွားခဲ့တာလေ"

seokjin၏လက်မောင်းကို ကိုင်ထားသည့်လက်တွေကိုလျှောဆင်းကာ seokjin၏လက်ဖဝါးများကို Jungkook ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည်။

"ဒီမနက်ကမှhyungပြန်ရောက်လာတာ မောင်hyungမျက်နှာ‌ကိုတောင်သေချာမကြည့်ရသေးဘူး အရင်နေ့ကဖြစ်သွားတဲ့ကိစ္စကဘာမှမဟုတ်ဘူးလား ပြီးတော့ အဲ့အကြောင်းတွေလည်း ‌hyung မောင့်ကိုမပြောပြရသေးဘူးနော် ဒါတောင်အခုhyungက မောင်လိုက်လာမှာစိုးလို့လိမ်တယ်ပေါ့"

"ခဏလေးမောင်.. ‌ငါပြောတာအရင်နားထောင်"

Jungkook၏မေးရိုးတွေထင်းနေသည်က ဒေါသတွေကိုထိန်းချုပ်ထားရခြင်းကြောင့်ဖြစ်နိုင်သည်။

"မောင့်ကိုစိတ်မပူစေချင်လို့ပါ တကယ်.. မောင်စိတ်ပူပြီး ချက်ချင်းလာရင် မောင့်အလုပ်တွေနှောက်နှေးကုန်မှာစိုးလို့"

seokjinမျက်နှာငယ်လေးဖြင့်ပြောလိုက်သည်။

"အဲ့ဒါကြောင့်ငါလိမ်လိုက်တာ ပြီးတော့ အခုလိုမောင်ဒီကိုလာရမယ်ဆိုတာမှ ငါမသိတာ... ငါသိရင်မောင်နဲ့အတူတူလာမှာပေါ့ ငါ့အတွက်ပိုတောင်အဆင်ပြေသေးတယ်"

"ဘာပဲဖြစ်ဖြစ်မောင့်ကိုအမှန်အတိုင်းပြောသင့်တယ် ဒီနေရာကိုနီးနီးလေးထင်နေတာလား လမ်းမှာတစ်ခုခုဖြစ်ရင်ဘယ်လိုလုပ်မလဲ"

"ဟုတ်ပြီ.. ဟုတ်ပြီ ငါမှားတာ ဒါပေမယ့် အခုလည်း ငါဘာမှဖြစ်တာမဟုတ်ဘူး"

"hyung ဒီကိုလာတာ Kim Namjoonသိလား"

"အင်း သိတယ်"

"Kim Namjoonက ခွင့်ပြုပေးလိုက်တယ်ပေါ့! ဒီလောက်အဝေးကြီးကို hyungတစ်ယောက်တည်းလာခွင့်ပေးတာ ဒီလူရူးနေတာလား"

DELICATE PAINWhere stories live. Discover now