Delicate Pain (EP 22)

589 83 19
                                    

Unicode

"Kim seokjinက ငါ့အပိုင်.. Kim Namjoonရဲ့အပိုင်"

သူ့စကား‌ကို သေဆုံးသွားတဲ့လူကမကြားနိုင်တော့ရင်တောင် ကျန်နေတဲ့တစ်ချို့လူတွေကတော့ သဘောပေါက်မှာပါ..။

မျက်လုံးတောင်မမှိတ်နိုင်ပဲ သေသွားတဲ့လူကိုကြည့်ပြီး ကျန်နှစ်ယောက်မှာ အသက်ပင်မရှူရဲကြတော့။ အခန်းထဲကမိန်းကလေးတွေကလည်း အသံတောင်မထွက်ရဲဘူး။ ကြောက်လွန်းလို့ ပါးစပ်ကိုလက်နဲ့အုပ်ပြီး တုန်ယင်နေကြရုံသာ..။

"ကျွန်တော် သယ်သွားနိုင်တယ်.."

သူ့ရင်ခွင်ထဲကhyungကို Kim Namjoonကပွေ့ချီဖို့လုပ်ပေမယ့် သူတားလိုက်သည်။ အဲ့ဒီလူယုတ်မာရဲ့လက်က သွေးကြောတွေထောင်ထသွားတာကို Jeon Jungkookက ဂရုမစိုက်ဘူး။ လက်သီးကိုကျစ်နေအောင်ဆုပ်ထားတဲ့ Kim Namjoonက ပေါက်ကွဲတော့မယ့် ဗုံးလိုပဲ။

"မင်းရဲ့စေတနာတွေကို မလိုဘူး အပိုအလုပ်တွေမလုပ်နဲ့"

Jungkookရင်ခွင်ထဲက Seokjinကိုကြည့်ပြီး Namjoonဘယ်လောက်ထိပူလောင်နေရလဲဆိုတာ Namjoonကိုယ်တိုင်ပဲသိတယ်။

"သဲတုန်ကငါနဲ့ပဲသက်ဆိုင်တယ်လို့ပြောခဲ့ပြီးပြီ မင်းနားလည်သင့်တယ် သဲတုန်ကိုငါခေါ်သွားမယ်"

ရင်ခွင်ထဲက အကောင်ပေါက်လေးကိုကြည့်ပြီး Jungkookပြုံးလိုက်မိတယ်။

"ဒီလူက ခင်ဗျားနဲ့ပဲ သက်ဆိုင်တယ်ပေါ့..အိုးး.. ခင်ဗျားပြောဖူးသလိုလက်ထပ်တော့မလို့များလား ဟက်"

hyungရဲ့နဖူးပေါ်ကဆံပင်လေးတွေကို သူ့လက်နဲ့သပ်တင်ပေးလိုက်သည်။ တစ်ချက်တစ်ချက်တုန်နေတဲ့ hyungက လက်ရှိအခြေအနေတွေကို နားလည်ဖို့အသိစိတ်မကပ်သေးပုံပဲ။ သူ့ခါးကိုသာ တင်းနေအောင်ဖက်ထား၏။ hyungကလေ လူကိုအသည်းယားအောင်သိပ်လုပ်တာ။

"လက်ထပ်ပြီးလဲ ခင်ဗျားဘာလုပ်နိုင်မှာလဲ ဒီလူခင်ဗျားကိုမချစ်သရွေ့ ခင်ဗျားမပိုင်ဘူးနော် အဲ့တာကို ခင်ဗျားကပိုနားလည်မှာပါ.. မာမီနဲ့ခင်ဗျားလက်ထပ်ခဲ့ပေမယ့် ခင်ဗျားကိုမာမီပိုင်ခဲ့တာမှမဟုတ်တာ ဝဋ်ဆိုတာ ဘဝမကူးဘူး Kim Namjoon"

တခြားသူတွေမပြောနဲ့ Muyoungတောင်ဒီအခြေအနေကြီးမှာ တကယ်အသက်ရှူမချောင်။ ဘားကောင်တာမှာ အလုပ်လုပ်တဲ့ သခင်လေးseokjinက ဘားကောင်တာမှာမရှိတည်းက သူ့မျက်ခုံးခပ်လှုပ်လှုပ်။ မန်နေဂျာဆိုသူကိုခေါ်ပြီးမေးကြည့်တော့ Muyoungသွေးတက်ရတာပဲ။ seokjinကို သူ့ကောင်လေးလဲ လာရှာသွားသည်တဲ့..။ KNJဥက္ကဌကိုမသိသူမရှိတာမို့ ထိုမန်နေဂျာသိနေတာကိုပဲ ကျေးဇူးတင်ရမည်။ အမေးအမြန်းမထူပဲ သခင်လေးseokjinရှိတဲ့နေရာပြောလိုက်လို့သာပေါ့။

DELICATE PAINWhere stories live. Discover now