Delicate Pain (EP 18)

591 87 9
                                    

Unicode

"Jeon.."

seokjinကို လိုက်ပို့ပြီး၍ Jungkookအပြင်ပြန်ထွက်လာတော့ လီချန်းနှင့်တွေ့သည်။

"baby ဒီရောက်နေတာပဲ.."

"babyအလုပ်တွေပစ်ထားတာကြာနေတော့ နည်းနည်းပါးပါးလာစစ်ဆေးတာ.. Jeonက babyဆီလာတာမဟုတ်ဘူးလား"

"ကိုယ်က ကိစ္စလေးတစ်ခုရှိလို့ "

"ပြန်တော့မလို့လား.. အထဲဝင်ဦးလေJeon"

"မဝင်တော့ဘူးbaby ကိုယ်သွားစရာလေးရှိသေးလို့ ဖုန်းဆက်လိုက်မယ်"

ဖုန်းထောင်ပြသွားသည့် Jungkookကြောင့် ထိုဖုန်းလေးမှာတပ်ထားသည့် ကီးချိန်းလေးကို လီချန်းမြင်လိုက်သည်။

"Jeonက ဒီလိုဟာတွေကို စိတ်ရှုပ်တယ်ဆိုပြီး မကြိုက်ဘူးမဟုတ်လား ဘာလို့တပ်ထားတာလဲ"

ထွက်ခွာသွားသည့် ကျောပြင်ကိုကြည့်ရင်း လီချန်းရေရွတ်လိုက်သည်။

seokjinခုထိနေရတာ သိပ်အဆင်မပြေသေးဘူး.. မနေ့က တကယ်အစားများပြီး ရင်ထဲနေလို့မကောင်း။

"ဟူး..."

သန့်စင်ခန်းသွားရန် ဘားကောင်တာမှထွက်လိုက်သည်။

"ပစ္စည်းကောင်းလေးရထားတယ်.. မင်းတို့လိုချင်ရင် Luvမှာ လာခေါ်"

"မ..မလုပ်ပါ..မလုပ်ပါနဲ့.."

အခန်းတစ်ခန်းရှေ့အရောက်တွင် ကြားလိုက်ရသည့်အသံတွေ။ ပုံမှန်ဆို ကျော်သွားမှာဆိုပေမယ့် ခုက ကြောက်လန့်နေသည့် မိန်းကလေးတစ်ယောက်အသံကိုပါ ကြားရသည်ကြောင့် အနည်းငယ်ဟနေသည့် အခန်းတံခါးဝမှ အခြေအနေကိုအကဲခတ်ကြည့်မိသည်။

"ဒီနေရာက အဆင်မပြေဘူးကွ တစ်ခြားနေရာကိုရွေးမှရမယ်.. ဒါပေမယ့် ပစ္စည်းနဲ့ငွေလဲဖို့အတွက်တော့ ဒီနေရာက အလုံခြုံဆုံးပဲ.."

"ကယ်.. ကယ်ကြပါ.. ကယ်ကြပါဦးရှင်.."

"ဟေ့ကောင် အဲ့ကောင်မ ပါးစပ်ကိုပိတ်လိုက်စမ်း"

ရုပ်ကြမ်းကြမ်းနှင့် ဗလတောင့်သည့် လူတစ်ယောက်က ဖုန်းပြောနေရင်းမှ တစ်ယောက်ယောက်ကိုအမိန့်ပေးလိုက်သည်။

DELICATE PAINWhere stories live. Discover now