Unicode
ဒိုအင်ဆူးက ထမင်းစားပွဲမှအခြေအနေကိုအကဲခတ်နေသည်။
"မောင်ကနောင်တရမယ်.. ဘာလို့လဲ"
"ငါပြောချင်တာက လူတစ်ယောက်ဒုက္ခရောက်အောင်လုပ်ပြီး မောင်လဲပျော်နိုင်မှာမဟုတ်ဘူးလေ "
seokjinစကားကြောင့် Jungkookကသဘောတကျရယ်သည်။
"Kim Namjoonကိုဖျက်ဆီးနိုင်ဖို့က မောင့်ရည်ရွယ်ချက်ပဲလေ အဲ့လိုဖြစ်လာရင် မောင်ကျိန်းသေပျော်တာပေါ့"
seokjinမျက်မှောင်ကုတ်ကာ Jungkookအားကြည့်လိုက်၏။
"အဲ့တာကမောင်Joonအပေါ်မကျေမနပ်ဖြစ်နေလို့ တကယ်တမ်းကျ မောင်ကမကောင်းတဲ့သူမှမဟုတ်တာ"
Jungkookထိုင်နေရာမှထကာ seokjinအနားသွား၍ နားအနားကပ်ပြောလိုက်သည်။
"hyungမသိလို့.. မောင်ကအများကြီးအများကြီးမကောင်းတာ.. ဒါမှမဟုတ်.. hyungတစ်ယောက်တည်းအပေါ်ကွက်ကောင်းနေတာဖြစ်နိုင်တယ်.."
"အ့!... Yahhh!!!"
နားထဲလေမှုတ်ခံရသည်ကြောင့် အလန့်တကြားအော်လိုက်သည်။
"ထ.. သွားမယ်"
"ဘာလဲ ဘယ်ကိုလဲ"
"hyungအလုပ်ကိုလေ.. ဒီနေ့မောင်လိုက်ပို့ပေးမယ်"
လက်ကောက်ဝတ်မှဆွဲခေါ်သည်ကြောင့် seokjinလည်းထိုင်နေရာကနေထ,လိုက်ရသည်။
"မနက်စာစားလို့မပြီး..."
"ဟိုတို့ဒီတို့လုပ်နေတာက မနက်စာစားနေတာလား"
seokjin နှာခေါင်းရှုံ့လိုက်သည်။ Jungkookပြောတာလဲ မှန်နေသည်ပဲ။
"Jinလေးကို မနက်စာသေချာစားဖို့ သခင်ကြီးကမှာခဲ့ပါတယ် သခင်လေး ဒါကြောင့်.."
"ခုလည်းhyungကသေချာစားနေတာမှမဟုတ်တာ ကျွန်တော်လမ်းမှာတစ်ခုခုကျွေးလိုက်မယ်"
ဒါမျိုးကျ တော်သွားပြန်ပြီ။ Jungkookအား seokjinစိတ်ထဲမှချီးကျူးလိုက်သည်။ ဒါတွေသူမစားချင်ဘူးမဟုတ်လား။ ခုတော့အဆင်သင့်လိုက်လေခြင်း။
"သ..သခင်လေး"
seokjinကို Jungkookဆွဲခေါ်သွားတော့ ဒိုအင်ဆူးထံမှအသံထွက်လာသည်။
![](https://img.wattpad.com/cover/291821404-288-k584070.jpg)
YOU ARE READING
DELICATE PAIN