Delicate Pain (Ep 3)

764 97 8
                                    

Unicode

"သူအခုဘယ်မှာလဲ"

"ဘူဆန်ကအိမ်တော်မှာရှိပါတယ်သခင်ကြီး"

ကားနောက်ခန်းမှထွက်ပေါ်လာသည့်အသံသည် ဒေါသသံမပါ။ သို့သော်Muyoung တုံ့ဆိုင်းခြင်းမရှိပဲဖြေလိုက်သည်။ ခံစားချက်ကိုထုတ်မပြတတ်သည့်သခင်ကြီး၏စိတ်ကိုMuyoungမခန့်မှန်းတတ်။

"ဘူဆန်ကိုသွားမယ်"

"ကျွန်တော်​လေယာဥ်စီစဥ်လိုက်ပါ့မယ် သခင်ကြီး"

Namjoon long coatထဲမှဖုန်းကိုထုတ်ကာခလုတ်တစ်ချို့နှိပ်လိုက်သည်နှင့် ဖုန်းမျက်နှာပြင်တွင်အခန်းပုံစံလေးထောင့်ကွက်လေးများပေါ်လာသည်။ သို့သော် ​တွေ့ချင်သည့်ပုံရိပ်လေးကိုရှာမတွေ့သဖြင့် Namjoonမျက်ခုံးပင့်လိုက်​ပြီးဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

"အမိန့်ရှိပါသခင်ကြီး"

"သဲတုန်ဘယ်မှာလဲ"

တုံ့ဆိုင်းခြင်းမရှိပဲ ဖုန်းကိုင်လာသည့်တစ်ဖက်လူကိုမေးမိတာက သဲတုန်ဘယ်မှာလဲဆိုသည်သာ။ အိမ်ပြင်မထွက်နိုင်သည့်သဲတုန် အိမ်အတွင်းထဲမည်သည့်နေရာတွင်ရှိနေမည်ကအစ သူသိချင်ပါသည်။

"သခင်လေးဒုတိယထပ်အိပ်ခန်းထဲဝင်သွားပါပြီ သခင်ကြီး"

အိမ်အပေါ်ထပ်နှင့်အိပ်ခန်းများထဲတွင်cctvမရှိသဖြင့်သူသဲတုန်ကိုတွေ့နိုင်မည်မဟုတ်။ ဝရန်တာ​ပေါ်မှခုန်ချဖူးသည့်သဲတုန်​ကြောင့် ပထမထပ်တွင်သာနေခိုင်းသော်လည်း အခန်းဝရန်တာမှ​ကျော်ခွထွက်ပြေးချင်သည့်သဲတုန်ကလျှပ်စစ်ဓာတ်လိုက်ပြန်သည်။ ထို့ကြောင့် အဲ့ဒီအဆိုးလေးကိုထွက်မပြေးစေရန်အမျိုးမျိုးခြိမ်းခြောက်၍ ဒုတိယထပ်တွင်နေခိုင်းထားရခြင်း။

"မနက်စာရော"

သူပြင်ပေးသည့်အစားအသောက်များကို သဲတုန်မကြိုက်မှန်းNamjoonသိပါသည်။ သဲတုန်ကျန်းမာရေးနှင့်ညီညွတ်စေရန်မဖြစ်မနေတော့ကျွေးရပါမည်။ သဲတုန်ကြိုက်သည့်အစားအသောက်များသည် ကျန်းမာရေးအတွက်မသင့်တော်ဟုNamjoonထင်သည်။ သို့သော် သဲတုန်စိတ်ကျေနပ်စေရန် တစ်ခါတစ်လေတော့ ကျွေးမည်ဟုစဥ်းစားထားသည်။

DELICATE PAINWhere stories live. Discover now