Delicate Pain (Ep 2)

924 107 9
                                    

Unicode

"သဲတုန်ကစားလို့ဝပြီလား"
"ဘာ!!"

ထိုလူကြီးရဲ့စကားကိုseokjinဘယ်လိုမှနားမလည်နိုင်ဖြစ်သွားသည်။

"ခင်ဗျားဘာတွေပြောနေတာလဲ"

"သဲတုန်ကစားပြီးရင်လဲ ကိုယ်တို့အိမ်ထဲပြန်ဝင်ရအောင် အပြင်မှာလေစိမ်းတွေတိုက်တယ် သဲတုန်အကြာကြီးမနေသင့်ဘူး"

ဒီလူဘာတွေပြောနေမှန်းကိုseokjinနားမလည်တော့ဘူး။ နေပါဦး ဒီလူကအခုကစားတယ်လို့ထင်နေတာလား။

"ခင်..ခင်ဗျား အခုကစားနေတယ်လို့ထင်နေတာလား"

"သဲတုန်ထွက်ပြေးတိုင်းကစားနေတာမဟုတ်ဘူးလား ဒါမှမဟုတ်သဲတုန်တကယ်ထွက်ပြေးနိုင်ပြီထင်နေတာလား"

ခနဲ့​ပြုံးနှင့်ပြောလာသောကြောင့် ထိုလူအားချုပ်ထားသည့်seokjinရဲ့လက်တွေပြေလျော့သွားခဲ့ရသည်။ မဟုတ်ဘူး သေချာပြန်တွေးကြည့်ရင်မှားနေသည်။ သူကချုပ်ထားတာမဟုတ်ပဲ ထိုလူကအချုပ်ခံထားသလိုပဲ။ ဘယ်လိုပဲကြည့်ကြည့်ထိုလူမှာseokjinထက်ခန္ဓာကိုယ်ပိုတောင့်သည်။ ကုတ်အက်ျီထပ်ဝတ်ထား​သော်လည်းမြင်နေရသည့်အဖုအထစ်muscle(ကြွက်သား)တွေနဲ့တင်seokjinထိုလူအားမချုပ်နိုင်သည်မှာသေချာသည်။

တစ်ချက်ခြိမ်းခြောက်လိုက်သည်နှင့်ဆက်မလိုက်လာသည့် ဟိုအမည်းကောင်တွေကလည်းထူးဆန်းနေသည်။ သူသွေးပူနေပြီး ဘာကိုမှသတိမထားမိခဲ့တာလား။ သူအတတ်နိုင်ဆုံးစိတ်အေးအေးထားခဲ့ပေမယ့်လေ..။

မဟုတ်ဘူး မဟုတ်ဘူး မဖြစ်နိုင်ဘူး။
လက်ထဲက ပန်းကန်ကွဲစကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိ၍သွေးများစီးကျနေပေမယ့် နာကြင်မှုကိုမခံစားရဘူး။ ခုသူ့ခေါင်းထဲမှာရှိနေတာ သူ...မလွတ်မြောက်သေးဘူးလား။

"ဒါကိုလွှတ်လိုက်တော့ သဲတုန်အတွက်အန္တရာယ်များတယ်....သဲတုန်ကကွာ ကစားချင်ရင်လဲ ဖိနပ်လေးတော့စီးမှပေါ့ ခုတော့သဲတုန်ခြေထောက်နုနုလေးတွေထိခိုက်ကုန်ပြီ.."

ထိုလူပြောနေတာတွေလဲ seokjinနားထဲကြားတစ်ချက် မကြားတစ်ချက်။ 

"သဲတုန်ကဖိနပ်မစီးချင်မှတော့ နောက်တစ်ခါခြံထဲမဆင်းနဲ့တော့နော် အိမ်ထဲမှာနေတာက သဲတုန်အတွက်အန္တရာယ်ကင်းတယ်"

DELICATE PAINWhere stories live. Discover now