Delicate Pain (EP 5)

673 99 12
                                    

Unicode

"သူခိုးများလား.."

"....."

"အာာ မင်းကိုပြောတာမဟုတ်ဘူး ဒါပဲနော် ကိုယ်လုပ်စရာလေးပေါ်လာလို့ နောက်မှတွေ့ကြတာပေါ့"

တစ်ဖက်မှတုံ့​ပြန်သံကိုမစောင့်တော့ပဲ Jungkookဖုန်းချလိုက်သည်။ ဘောင်းဘီအိတ်ကပ်ထဲသို့ဖုန်းကိုထည့်လိုက်ရင်း ထိုကုန်းကုန်ကွကွအရိပ်ကလေးကိုသေချာကြည့်နေလိုက်သည်။ ထိုအရိပ်ကလေးကတော့သူ့အားတွေ့ပုံမပေါ်။ ခြံထဲမှာမှောင်နေသဖြင့်အိမ်ထဲကနေခြံထဲသို့မမြင်ရ။ အိမ်ထဲကအလင်းရောင်ကြောင့်သာ မှန်အကြည်မှတစ်ဆင့်ထိုအရိပ်ကလေးအားJungkookမြင်ရခြင်းဖြစ်သည်။

အဝေးမှမြင်နေရသည်ကြောင့်ထိုအရိပ်ကလေး၏မျက်နှာကိုတော့သေချာမမြင်ရ။ သို့သော်အဖြူရောင်အက်ျီပွပွကြီးနဲ့ အနက်ရောင်ဘောင်းဘီပွပွကြီးထဲတွင်မြုပ်နေသည့်အရိပ်ကလေးသည် မိန်းကလေးမဟုတ်သည်မှာတော့သေချာသည်။ လှေကားလက်ရန်းအားကွယ်၍ ဟိုဟိုဒီဒီချောင်းနေပုံက လုံးဝမသင်္ကာစရာ။

ခဏအကြာထမင်းစားခန်းဘက်သို့လှစ်ခနဲပြေးသွားသောအကောင်ပေါက်လေး။ ဟုတ်သည်။ ပြေးသွားတာမှတကယ့်အကောင်ပေါက်သေးသေးလေးတွေအတိုင်း။ ထိုကောင်းလေးနောက်သို့လိုက်ကြည့်ရန် Jungkookအိမ်ထဲသို့ဝင်လိုက်သည်။

ထမင်းစားခန်းထဲဝင်သွားသောကောင်လေးနောက်သို့ Jungkookလိုက်ဝင်ရန်ပြင်လိုက်သော်လည်း ရုတ်တရက်လှည့်ကြည့်လာတာကြောင့် တံခါးဘေးကိုဝင်ပုန်းလိုက်ရသည်။

seokjinသူ့နောက်ကတစ်ယောက်ယောက်လိုက်လာသလိုခံစားရတာကြောင့်နောက်လှည့်ကြည့်ပေမယ့်မည်သူမှမတွေ့ရ။ သူစိတ်ထင်နေသည်ပဲဖြစ်မှာပါဟုတွေးကာ ရေခဲသေတ္တာဆီကိုဦးတည်၍သွားလိုက်သည်။

*ဟူးးးမမြင်သွားလို့တော်သေးတယ်*

*မဟုတ်သေးပါဘူး ငါကဘာလို့လန့်နေရမှာလဲ မြင်သွားလဲဘာဖြစ်လဲ လန့်ခြင်းလန့် အိမ်ထဲခိုးဝင်လာတဲ့သူက လန့်ရမှာလေ*

*Jeon Jungkook မင်းကအိမ်ရှင် ခုချက်ချင်းသူ့ကိုဂုတ်ကဆွဲပြီး အိမ်ထဲဘာဝင်လုပ်တာလဲမေးရမယ်*

DELICATE PAINWhere stories live. Discover now