Delicate Pain (EP 39)

462 72 19
                                    

Unicode

Muyoungကိုတလှည့် ဒိုအင်ဆူးကိုတလှည့်ကြည့်လိုက်သည်။

"အာာ.."

Muyoungလက်ထဲက မုန့်ထုပ်လေးကိုseokjinလှမ်းယူလိုက်ကာ..။

"ဒါ.. ဝန်ထမ်းတွေကိုငါပေးခိုင်းထားတဲ့မုန့်မဟုတ်လား.."

seokjinစကားကြောင့် ဒိုအင်ဆူးအံ့ဩသွားသည်။

"ဒီမုန့်က အရမ်းစားကောင်းတာ.. အိုးးး အတွင်းရေးမှူးJiရော ဒီမုန့်ရလိုက်ရဲ့လား.."

ပုလဲလုံးလေးတွေလို သွားညီညီလေးတွေပေါ်အောင်‌ပြုံးပြနေသည့် seokjinကအပြစ်ကင်းသည်ဟု Muyoungယူဆသည်။

"မုန့်ကအရမ်းစားကောင်းတော့ တခြားသူတွေနဲ့ပါဝေမျှစားချင်တာ သိတဲ့အတိုင်း ကျွန်တော့်မှာသူငယ်ချင်းလည်းမရှိဘူးလေ.. ကျွန်တော်companyကဌာနတိုင်းကိုတော့ပေးခိုင်းလိုက်တာပဲ.. ဟုတ်တယ်မို့လား အင်ဆူး"

"ဟင်.. ဟုတ်.. ဟုတ်ပါတယ်"

ရုတ်တရက်အမေးကြောင့် ဒိုအင်ဆူးကြောင်နနဖြင့် ခေါင်းညိတ်လိုက်သည်။

"အတွင်းရေးမှူးJiကို ဒီမုန့်တွေထပ်ပို့ပေးလိုက်ဦး"

"နား.. နားလည်ပါပြီ.. သ.. သခင်လေး"

"ဒါနဲ့.. အတွင်းရေးမှူးJi ဘာကိစ္စရှိလို့လဲဗျ"

"ဘာမှမရှိတော့ပါဘူးသခင်လေး.. ကျွန်တော့်ကိုခွင့်ပြုပါဦး"

"ခဏလေး.. ဒီမှာခင်ဗျားမုန့်"

seokjinလက်ထဲကမုန့်ကိုယူ၍ Muyoungပြန်ထွက်သွားသည်။ Muyoungထွက်သွားတော့မှ seokjin၏အပြုံးတွေပျောက်ကွယ်သွားကာ..

"ဒါဘယ်လိုဖြစ်တာလဲ"

"...."

"အဲ့ဒီမုန့်တွေ မင်းပေးတာမို့လား"

"အကုန်ကြားလိုက်တာလား"

"ငါကအကန်းလား"

"ဘာလို့ကျွန်တော့်ဘက်က လိမ်ပြောပေးတာလဲ"

"မင်းကငါ့လူမို့လို့ပေါ့"

ဒိုအင်ဆူးပြုံးလိုက်သည်။ 'မင်းကငါ့လူမို့လို့ပေါ့'.. နားထောင်လို့ကောင်းတယ်.. ဒါပေမယ့် ဘာလို့ဝမ်းနည်းသလိုခံစားရတာလဲ..

DELICATE PAINWhere stories live. Discover now