Delicate Pain (EP 42)

467 88 14
                                    

Unicode

seokjinနိုးလာတော့ပထမဆုံးမြင်ရသည်က တလွင့်လွင့်ဖြစ်နေသည့်လိုက်ကာအဖြူစကြီးတစ်ခု။ ထိုလိုက်ကာကြီးလွင့်သွားတိုင်း ဝရန်တာတွင်ရပ်နေသည့်လူတစ်ယောက်၏ကျောပြင်အား တစ်စွန်းတစ်စမြင်နေရသည်။ ထိုမြင်ကွင်းကိုသူငေးကြည့်နေမိ၏။

အင်းး.. တစ်ချို့အရာတွေက မသိမသာဖြင့် သူ့အလိုလိုမှတ်မိနေခဲ့တာမျိုးပေါ့။

အတန်ကြာသည်အထိ ထိုလူက ယခင်အတိုင်းသာရပ်နေသည်။ ထို့ကြောင့် seokjinလှဲနေရာမှထလိုက်ပြီး သူသာထိုလူ့အနားသွားရန်ဆုံးဖြတ်လိုက်သည်။

အထပ်ထပ်အခါခါမြည်နေသည့် လက်ထဲကဖုန်းကိုကြည့်နေသည်။ ရိုးရိုးရှင်းရှင်းသာမှတ်ထားသည့် *Joon*ဆိုသည့် contact name။ ထိုသည်က တစ်ဖက်မှဖုန်းခေါ်သူဘယ်သူလဲ သိသာလှသည်။ ကိုယ်လိုချင်သည့် အကြိမ်အရေအတွက်ရောက်သည်နှင့် ဖုန်းကိုစက်ပိတ်လိုက်သည်။

ဟက် ဖုန်းကိုင်လိုက်သည်နှင့် တည်နေရာပြောပြလိုက်သလိုဖြစ်သွားမှာကို မသိရလောက်တဲ့အထိ သူမတုံး‌ပေ။

seokjin လိုက်ကာစကြီးအားဖယ်၍ ဝရန်တာဘက်ထွက်လိုက်သည့်အခါ ထိုလူကလှည့်ကြည့်လာသည်။ သို့သော်ထိုလူ့အကြည့်တွေက သူ့အပေါ်ခဏသာ တည်ရှိခဲ့ပြီး တခြားတစ်ဘက်ကိုပြန်ရောက်သွားသည်။

"နိုးလာပြီပဲ"

သူ့ကိုခေါ်လာတာ ဒီလူလား။

"ဟို.."

"အရမ်းလှတယ်မဟုတ်လား.."

အဆက်အစပ်မရှိသည့်စကားကြောင့်ဘာပြောသည်ကိုနားမလည်ပေမယ့် ထိုလူကြည့်နေသည့်နေရာကို သူကြည့်လိုက်တော့ တစ်ပင်လုံးနီညိုရောင်အသီးတွေပြည့်နေသည့် ဇီးသီးပင်ကြီးတစ်ပင်ကိုတွေ့ရသည်။

အာာ.. ထိုလူပြောချင်သည်က ဒီဇီးသီးပင်ကိုလား။

"မနက်တိုင်း ဒီဇီးပင်ကြီးကိုကြည့်လိုက်ရရင်.. အရာအားလုံးကိုပိုင်ဆိုင်သွားသလိုခံစားရတယ်"

seokjinလည်း ထိုလူပြောသည့် ဇီးပင်ကြီးကိုကြည့်နေလိုက်သည်။

"ဒီဇီးပင်မှာရှိတဲ့ အကိုင်းတစ်ခုက လူတစ်ယောက်တက်ရင်တောင် မကျိုးဘူးဆိုတာသိလား"

DELICATE PAINWhere stories live. Discover now