Delicate Pain (EP 19)

578 86 22
                                    

Unicode

"Jinလေး နိုးပြီလား"

"ဟုတ် ဦးလေးwon"

လှေကားမှ ဆင်းလာသည့်သူ့ကို ဦးလေးwonက နှုတ်ဆက်သည်။

"မနက်စာ ဘာစားချင်လဲ.."

"ဟင်! "

ဦးလေးwonမေးသည်ကို seokjinသိပ်နားမလည် ။

"Jinလေး မနက်စာ ဘာစားချင်လဲ"

"ကျွန်တော့ကိုမေးတာလား ဦးလေးwon"

ဒါမထူးဆန်းဘူးလား.. အမြဲတမ်း Joonသတ်မှတ်ထားသည်ကိုပဲ စားခဲ့ရသည်။ သူဘာစားချင်လဲ ဘယ်တုန်းကမှ မေးဖူးသည်မဟုတ်။

"သခင်ကြီးက Jinလေးစားချင်တာလုပ်ပေးဖို့မှာထားတာပါ.."

သူမှားပြီးကြားတာတော့မဟုတ်ဘူးမို့လား..။ Joonကမှာထားသည်တဲ့။

"အာ.. ဟိုညကကိစ္စကြောင့်ဖြစ်မယ်"

ဘာပဲဖြစ်ဖြစ် Kim seokjinတို့အဆင်ပြေလာပြီ..။

"ကျွန်တော် ကြက်ကြော်စားချင်တယ် ဦးလေးwon"

မနက်စာကို ကြက်ကြော်စားသည်က တစ်မျိုးဖြစ်နေပေမယ့်လည်း သူတကယ်စားချင်နေတာဖြစ်သည်။

seokjin ရေခဲတုံးခွဲနေရင်း ဖုန်းကိုခဏခဏကြည့်နေမိသည်။ Jungkookကိုမတွေ့တာ နှစ်ရက်ရှိပြီ။ အိမ်မှာလဲမတွေ့ဘူး။ ကောင်မလေးတစ်ယောက်ပုံနဲ့ အဲ့ကောင်မလေးဘေးကင်းပြီဆိုသော စာတစ်ကြောင်းသာ မက်ဆေ့ခ်ျပို့ခဲ့သည်။

"Hey! ဘေဘီ.."

ရောက်လာပြန်ပြီ။ ဒီလူက မနေ့ကမှ ဒီမှာလာထိုင်ပြီး seokjinကိုအကြောင်ရိုက်နေတဲ့သူ။ customerတစ်ယောက်ဖြစ်တာကြောင့် စိတ်ရှုပ်တိုင်းမောင်းထုတ်လို့မရသည့်အပြင် လိုက်လျောညီထွေဆက်ဆံပေးရသေးသည်။

"ဒီနေ့ရော ဘာသောက်မလဲဗျ"

"ဘေဘီတိုက်ရင် အဆိပ်လဲသောက်မယ်"

အန်ချင်တဲ့စိတ်ကို seokjinမျိုချလိုက်ပါသည်။ စိတ်ထဲမှာတော့ တကယ်အဆိပ်တိုက်လိုက်ရမလား တွေးနေပြီ။

"ရပါပြီ"

အရက်ခွက်ချပေးပြီးတာနဲ့ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေလိုက်သည်။ အချိန်အတော်ကြာစိုက်ကြည့်နေသည့် ထိုလူကြောင့် seokjinဒေါသထွက်ပေမယ့်လဲ အလုပ်သမားဖြစ်တဲ့သူက ဘာလုပ်နိုင်မှာလဲ။

DELICATE PAINWhere stories live. Discover now