Delicate Pain (EP 11)

700 92 12
                                    

Unicode

warning!! သေးသေးလေးပေးပါတယ်ဗျို့🔞

-------------------------

Jungkook ကားစတီယာရင်ပေါ်တွင် ခေါင်းမှီထားမိသည်။ ခက်ရင်းအားဆုပ်ကိုင်လိုက်သဖြင့် ဒဏ်ရာရသွားသည့် လက်ဖဝါးမှ သွေးတွေတောင်အနည်းငယ် ခြောက်ချင်နေပြီ..။

Jungkook၏ယခုပုံစံကို Yikyung နှင့် Jun Woo သိလျှင်မေးပြုတ်မတတ်အံ့သြနေကြဦးမည်။ အဝတ်အစားတွေ ဟင်းနံ့နံမည်စိုး၍ မီးဖိုခန်းဘက် ခြေဦးမလှည့်သည့်ကိုယ်က ဟင်းတောင်ဝင်ချက်ခဲ့သည်မဟုတ်လား..။

အသားစိမ်းငါးစိမ်းမြင်တာနဲ့ ပျို့တက်သော Jeon Jungkookက ကိုယ်တိုင်ဆေးကြောခဲ့သည်တဲ့။ ကိုယ့်အသားနာရင် သည်းမခံတတ်သည့် သူတို့သူငယ်ချင်း ဒယ်အိုးနဲ့ရိုက်ခံရလည်းပြုံးနေသလို ဇွန်းနဲ့ခေါက်ခံရလည်း ကျေနပ်နေပြန်ရော...။

ဒါ့အပြင် တစ်ခြားတစ်ယောက်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေခဲ့ပြန်သည်..။ ကိုယ်ဘာကြောင့် ထိုသို့လုပ်မိမှန်း ကိုယ်တိုင်ပင်မသိခဲ့။ ထိုလူသားထိခိုက်မည့်အချိန်တွင် အပြေးသွားမိသည့် သူ့ကိုယ်သူမထိန်းချုပ်နိုင်ခဲ့ဘူး..။

Jungkook​ ဘေးရှိကားထိုင်ခုံပေါ်ကဖုန်းလေးဆီသို့ အကြည့်ရောက်သွားသည်။ hyungကျန်ခဲ့တာဖြစ်နိုင်သည်..။

ဖုန်းကိုယူလိုက်ပြီးဖွင့်ကြည့်လိုက်သည်။ lockမခံထားသည်မို့ အလွယ်တကူပွင့်သွား၏။ အံ့သြစရာကောင်းလောက်အောင်ကို ဖုန်းကအသစ်ကြီး...။

contactထဲဝင်ကြည့်လိုက်တော့ တစ်ခုတည်းသောဖုန်းno..။ "Oo" အရမ်းကိုရိုးရှင်းလွန်းပါသည်..။

Jungkook သူ့လက်တွေကိုခပ်သွက်သွက်လှုပ်ရှားလိုက်တော့ ဖုန်းထဲမှာ နောက်ထပ် contact nameလေးတစ်ခုတိုးလာသည်..။ screen မှာပေါ်နေတဲ့ nameလေးကိုနှိပ်လိုက်တော့... သူ့အိတ်ကပ်ထဲကနေ အသံမြည်လာခဲ့၏။

Jungkookသူ့ဖုန်းကိုထုတ်၍ အတွေးထဲပေါ်လာသည့်နာမည်လေးကို ရိုက်နှိပ်လိုက်သည်။

💜Yeobo💜

ထိုနာမည်လေးအားထိကြည့်ရင်းသဘောကျနေမိချိန် သူ့အပြုံးတွေအားပျောက်ကွယ်သွားစေတာက...

DELICATE PAINWhere stories live. Discover now