Delicate Pain (EP 12)

690 90 4
                                    

Unicode

"ဒဏ်ရာကအကြီးကြီးမဟုတ်ပေမယ့် နည်းနည်းတော့နက်တယ်... မင်းကပေါ့လိုက်တာ ဆေးတွေဘာတွေမစည်းထားဘူး.. တစ်ပတ်တောင်ရှိနေပြီ အမှန်ဆိုသက်သာနေရမှာ"

ကိုယ့်လက်အား သေချာကြည့်၍ တတွတ်တွတ်ပြောနေတော့ နဂိုကမှဖူးငုံနေတဲ့နှုတ်ခမ်းတွေက ကိုယ့်ကိုတောင်လာထိုးမိတော့မယ်။

အသည်းယားလွန်းလို့ ဖမ်းကိုက်မိရင် Jungkookတို့ထိုးခံရမှာမြင်ယောင်သေး။

"ရတယ်.. ဒီလောက်က ကိစ္စမရှိဘူး.."

"ဘာရတာလဲ...နေဦး.."

အံဆွဲများအားဖွင့်ကာ မွှေနှောက်နေတဲ့ hyungကအနည်းငယ်ပိန်သွားသည်။ အရင်တည်းကသေးသေးလေးဆိုသော်လည်း.. ယခုအခါခန္ဓာကိုယ်လေးက ပို၍သေးသွား၏..။

သူအခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာ ခွေခွေလေးအိပ်နေတဲ့hyungက တကယ့်ကလေးပိစိလေးလို။ မျက်နှာလေးက အနည်းငယ်နွမ်းလျပုံပေါ်နေတာကြောင့် အသံမပေးတော့ပဲ အကဲခတ်​နေခဲ့တာ။

"ဘယ်မှာပါလိမ့်... တခြားနေရာလဲ မထားမိလောက်ပါဘူး..ကျစ် သတိကလဲမေ့တတ်ရော.."

တလှုပ်လှုပ်ရှာရင်း ညည်းညူနေတဲ့hyungကို သူငေးကြည့်နေလိုက်သည်။

"အာ...ဒီမှာပဲ... မင်းကဟိုးနောက်ဆုံးရောက်နေတာကိုး.. အာ့ကြောင့်ငါဒီနားပဲထားတာပါလို့.. ဟူးး..တော်တော်ရှာလိုက်ရတယ်.."

"ဟက်... "

"ဘာရယ်တာလဲ"

ကလေးဆန်လွန်းသည့် သူ့အားကြည့်၍ ရယ်လိုက်မိတာကြောင့် ကိုယ့်ဘက်လှည့်ကာ ရန်တွေ့လေသည်။

"ဒီကိုလာ... "

ကုတင်ပေါ်ထိုင်ခိုင်းနေသည်ကြောင့် သွားထိုင်လိုက်သည်။ သူဒီကုတင်ပေါ်ရောက်တာ နှစ်ခါရှိပြီ.. ပထမတစ်ခါက ရှေ့ကလူသားသည် Kim Namjoonနှင့် ပတ်သတ်နေသည်ဟု သိရ၍ လာသောင်းကျန်းခြင်း။

"ဒါ ငါနဖူးကွဲတုန်းကထည့်တဲ့ဆေး.. တော်တော်ကာင်းတယ်.. ရက်နည်းနည်းလိမ်းတာနဲ့သက်သာတယ်.. ဒီမှာကြည့်ပါလား.. အမာရွတ်တောင်မကျန်ဘူးတွေ့လား.."

နဖူးမှဆံပင်များကို လက်ဖြင့်သပ်တင်ပြကာ သူ့ဆေးအား ဘယ်လောက်ကောင်းကြောင်းညွှန်းနေသည်။

DELICATE PAINWhere stories live. Discover now