Delicate Pain (EP 28)

530 78 10
                                    

Unicode

"လီချာဝူးသတိရလာရင်တော့ ဘယ်သူလုပ်လဲဆိုတာ သိရနိုင်တယ်"

လီချန်း လီချာဝူး၏ခန္ဓာကိုယ်ကို စောင်ဖြင့်ပြန်ဖုံးအုပ်ပေးလိုက်သည်။

"အန်တီလီရော အဆင်ပြေရဲ့လား"

လီချန်းအမေအတွက် လီချာဝူးသည် တစ်ယောက်တည်းရှိသည့်တူဖြစ်သည်။

"အဆင်မပြေဘူး မာမီကရဲတိုင်ပြီး အမှုဖွင့်ချင်နေတာ ဒါပေမယ့် အရှက်ကွဲတာပဲရှိမှာ Kim Namjoonသာဆို ရဲတိုင်လည်းဘာလုပ်နိုင်မှာလဲ"

လီချန်းအခန်းထောင့်က စားပွဲလေးဆီသွားပြီး ‌မှောက်ထားသည့်ခွက်လေးတစ်လုံးကိုယူလိုက်သည်။ ခွက်လေးထဲ ကော်ဖီမှုန့်အနည်းငယ်ကိုထည့်ပြီး ရေနွေးဘူးထဲမှ ရေနွေးလောင်းထည့်သည်။

"တကယ်လို့ Kim Namjoonမဟုတ်ရင်တောင် ရဲတွေစုံစမ်းတာထက် ကိုယ့်ဘာသာစုံစမ်းတာက ပိုတိကျပြီး ပိုမြန်မြန်သိရမယ် အမှန်တရားကို ဥပဒေဘောင်အတွင်းကမရှာနိုင်တာ မင်းကပိုသိမှာပါJeon"

ရှေ့ရောက်လာသည့် ကော်ဖီခွက်ကို Jungkookယူလိုက်သည်။

"ဒယ်ဒီကတော့ မာမီစိတ်ကျေနပ်အောင် နိုင်ငံရေးအဆက်အသွယ်နဲ့ရော တခြားအဆက်အသွယ်တွေနဲ့ပါ စုံစမ်းနေတယ် ပြီးတော့ဘာ‌ကြောင့်ခုလို‌တွေဖြစ်တာလဲဆိုပြီးလဲ ပူပန်နေကြတာ"

လက်ထဲကကော်ဖီကို Jungkookအနည်းငယ်သောက်လ်ိုက်သည်။ Mr.ဂျိုအန်နှင့် အန်တီ‌လီက hyungနဲ့ကိစ္စကိုမသိသေးသည့်ပုံ။ ဒါဆို ဟိုတစ်ခါသူဓားနှင့်ထိုးသည်ကို လီချန်းမည်သို့ပြောထားသည်မသိ။

"ဘာလို့ငါ့ကို ဒါတွေပြောပြနေတာလဲ ငါက လီချာဝူးကိုသေစေချင်နေတဲ့သူဆိုတာမေ့သွားပြီလား"

လီချန်းခပ်ဟဟတစ်ချက်ရယ်လိုက်ပြီး Jungkookအားကြည့်လိုက်သည်။

"Jeonအမုန်းဆုံးလူက Kim Namjoonဆိုတာ Babyသိတာပဲ Kim Namjoonပျက်ဆီးဖို့အတွက် Jeonဘာမဆိုလုပ်မှာ အရင်ကJeonကိုBabyကူပေးခဲ့တယ် ခု Jeonပြန်ပြီးကူညီပေးပါ"

လီချန်းပုံစံက Jungkookကူညီမယ်ဆိုတာ သေချာနေသည့်ပုံ။

"ဟက်"

DELICATE PAINWhere stories live. Discover now