Delicate Pain (EP 14)

600 83 9
                                    

Unicode

"Hey Jeon..."

အခန်းထဲဝင်လိုက်သည်နှင့် ထိုင်နေရာမှထ၍ ပွေ့ဖက်နှုတ်ဆက်လာသည့် baby..။

"Baby... I really miss you"

အလိုက်သင့်ပြန်ပွေ့ဖက်လိုက်သည်။

"Jeonတို့က လူမြင်မှသတိရတာပါကွာ.. မဟုတ်ရင် ဖုန်းတစ်ချက်ဆက်တာမဟုတ်ဘူး.."

ကိုရီးယားစကားအား လေယူလေသိမ်းကောင်းမွန်စွာ ပြောတတ်သည့်babyကို မသိတဲ့သူတွေက ကိုရီးယားစစ်စစ်လို့ကို ထင်ကြမှာ။

"သတင်းကြည့်လိုက်ရတယ် Babyအရမ်းတော်တယ်.. ဖန်သားပြင်ပေါ်မှာ မိုက်နေရောပဲ..."

Jungkook ရဲ့စကားကြောင့်သဘောတကျရယ်လာသည့် ကောင်လေး။ မိခင်ဖြစ်သူ၏အလှတရားနဲ့ ဖခင်ဖြစ်သူ၏အနောက်တိုင်းဆန်ဆန်ခန့်ညားမှု နှစ်ခုလုံးကိုအမွေဆက်ခံထားတာကြောင့် ချောမောမှုက ပြည့်စုံလွန်းသည်။

"Jeonက ချီးကျူးတော့ နည်းနည်းတောင်လေပေါ်တတ်သွားတယ်.. ဒါပေမယ့် အမှန်တရားဆိုတော့လည်း ငြင်းလို့တော့မရဘူး.."

Jungkook လက်ထဲမှ ဝိုင်ခွက်ကိုအနည်းငယ်လှုပ်လိုက်သည်။

"ဘာလို့ ရုတ်တရက် ဗုံးခွဲလဲ မမေးတော့ဘူးလား.."

အသားအား ဓားပါးလေးဖြင့် လှီးဖြတ်နေရာမှ သူ့အားအကဲခတ်သလိုမော့ကြည့်လာသည်။

"babyသိဖို့လိုအပ်ရင် မေးစရာတောင်မလိုပဲ Jeonကပြောပြလာမှာပဲ.. Jeonမပြောပြဘူးဆိုတည်းက babyလည်း မသိချင်ဘူး"

baby သူ့အနားမှာခုထိရှိနေနိုင်တာကလည်း ဒီလိုစိတ်ဓာတ်တွေကြောင့်ပေါ့..။ babyကတစ်ခြားသူအကြောင်းကို စိတ်မဝင်စားသလို ဝင်မစွက်ဖက်ဘူး။ ထို့ကြောင့် သူနှင့်ဆက်ဆံလို့အဆင်ပြေသည်။

"ဒါနဲ့ babyကိုဘယ်လိုဆုချမှာလဲJeon"

သူ့ရဲ့လုပ်ဆောင်ချက်အတွက် ခပ်ချွဲချွဲလေးတောင်းဆိုလာသည်။

"ဒီနေ့babyတိုက်ခန်းကို ကိုယ်လိုက်ခဲ့မယ်..."

"sorryပါJeon.. မာမီကသူ့နဲ့အတူနေဖို့ပူဆာထားလို့ လောလောဆယ် မာမီ့ဆီမှာနေ,နေရတာ.. ဒီညနေ Jeonကိုဖုန်းဆက်လိုက်မယ်လေ ဟိုတယ်မှာတွေ့ကြတာပေါ့.."

DELICATE PAINWhere stories live. Discover now