Delicate Pain (EP 10)

689 82 8
                                    

Unicode

seokjin အံ့အားသင့်မိသည်။ jungkookပြောသည့် ခေါက်ဆွဲပြုတ်ဆိုင်ဆိုတာ ဒါလား..။

ဆိုင်ထဲသို့ဝင်လိုက်သည်နှင့်နှုတ်ဆက်လာသည့်ဝန်ထမ်းမလေး။ ထို့​နောက်သူတို့ထိုင်ရမည့်စားပွဲဝိုင်းသို့ ညွှန်ပြပေး၏။ ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်တော့ အရွယ်အမျိုးအစားစုံလင်သည့် စားပွဲများကိုတွေ့ရသည်။

အတွဲတွေအတွက် ဦးစားပေးထားပုံရသည့် နှစ်ယောက်ဝိုင်းများ၊ စားပွဲဝိုင်းခပ်ကြီးကြီးများက မိသားစု ဒါမှမဟုတ် သူငယ်ချင်းများနှင့်လာသည့်သူများအတွက်ဖြစ်မည်။ ထိုစားပွဲများအားကြည့်လိုက်သည်နှင့် ဒီဆိုင်သည် နေရာကြိုတင်ယူရမည်မှာသေချာသည်။

ပုံသဏ္ဍာန်အမျိုးမျိုးနှင့် မီးဆိုင်းကြီးများကလည်းတောက်ပနေ၏။ ထိုမီးဆိုင်းများမှ ဖြာထွက်နေသည့်အလင်းရောင်များသည် အခန်းတွင်းရှိ အပြင်အဆင်များကို ထပ်ဆင့်တန်ဖို့မြှင့်တင်ပေးနေပြန်သည်။

အမြင်နဲ့တင်စျေးကြီးလှသည့် ဒီနေရာသည် seokjinအတွက် ဘယ်လိုမှသက်တောင့်သက်သာမဖြစ်။

"ငါ... ငါတို့ပြန်ထွက်ရအောင်.."

"ဘာလို့လဲ..."

"ခေါက်ဆွဲပြုတ်စားဖို့အတွက် ဒီလိုနေရာကြီးကိုတော့လာစရာမလိုဘူးလေကွာ"

ကိုယ့်အားတိုးတိုးတိုးတိုးနှင့်ပြောနေသည့် အကောင်ပေါက်လေး။ ဒီလိုနေရာနှင့်အသားကျပုံမပေါ်။

"ဒါပေမယ့် ဒီကိုပဲရောက်ပြီးနေပြီလေ..ပြီးတော့.."

jungkookစကားမဆုံးခင် အစားအစာများအား သယ်ဆောင်လာသည့် စားပွဲထိုးလေးနှစ်ယောက်ရောက်လာသည်။ အစားအသောက်ပန်းကန်များချပေးပြီးသည်နှင့် အရိုအသေပြုကာ ပြန်ထွက်သွားသည်။

တစ်ခါမှမမြင်ဖူးသည့် ဟင်းပွဲများသည် စားပွဲပေါ်နေရာယူထားသည်။ အပြင်အဆင်များက ထိရက်စရာမရှိ။ ပန်းကန်များတွင်အလှဆင်ထားသည့် ထိုစားစရာများကိုကြည့်၍ နှာခေါင်းရှုံ့မိသည်။ ကြောင်စာတောင်ဒီထက်များဦးမည်။

"မှာထားတာတွေတောင်ရောက်လာပြီပဲ"

jungkookက အစားအသောက်တွေကို ကြိုတင်မှားထားပုံရသည်။

DELICATE PAINWhere stories live. Discover now