Delicate Pain (EP 44)

635 89 61
                                    

Unicode

"ဒိုအင်ဆူး.."

ကားထဲဝင်ရန်ပြင်နေသည့်ဒိုအင်ဆူးက အိမ်တော်ထိန်းwon၏ခေါ်သံကြောင့် အနောက်လှည့်ကြည့်သည်။

"ဟုတ်ကဲ့ အိမ်တော်ထိန်းwon"

အိမ်တော်ထိန်းwonက ဒိုအင်ဆူးအနားလျှောက်သွား၍..

"Jinလေးပြန်ရောက်လာပြီလို့ Muyoungဖုန်းဆက်တယ်.. မင်းလည်းcompanyကိုပဲသွားလိုက်တော့ တော်ကြာJinလေးမရောက်သေးဘူးထင်ပြီး မင်းလိုက်ရှာနေမှာစိုးလို့"

"သခင်လေးပြန်ရောက်လာတာလား"

မတင်မကျပြန်မေးသည့် ဒိုအင်ဆူးစကားကြောင့် အိမ်တော်ထိန်းwon၏မျက်လုံးတွေ အနည်းငယ်အရောင်ပြောင်းသွားသည်။ ထိုသည်ကိုသတိထားမိသည့်ဒိုအင်ဆူးက စကားပြန်ပြင်ပြောလိုက်သည်။

"အာာ.. ကျွန်တော်ကသခင်လေးကို စိတ်ပူနေတာ.. ခုပြန်ရောက်လာပြီဆိုတော့တော်သေးတာပေါ့.. အဲ့ဒါဆို ကျွန်တော်companyကိုသွားတော့မယ်‌ဗျ.."

ဒိုအင်ဆူးကားပေါ်တက်ပြီးကားမောင်းထွက်သွားသည်အထိ မျက်စိတဆုံးအိမ်တော်ထိန်းwonကြည့်နေသည်။

"ငါပဲစိတ်ထင်တာလား.. ဒီကောင်လေး.. ပြောင်းလဲသွားတယ်"

‌ကားနောက်ကြည့်မှန်ကနေ ရပ်ကျန်နေခဲ့သည့် အိမ်တော်ထိန်းwonကိုကြည့်ပြီး မျက်ခုံးတွေတွန့်ချိုးထားသည့်ဒိုအင်ဆူးက စိတ်ကြည်ပုံမရ။

"ကျစ်.. ဒီမြေခွေးအိုကြီးရှေ့ကျမှ‌.. နောက်ပိုပြီးသတိထားရမယ်"

နားထဲ earphoneထည့်ပြီး ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်။

"...."

တစ်ဖက်မှကြားရသည့်အသံက တွန့်ချိုးနေသည့်မျက်ခုံးတွေပြေလျော့သွားရသည့်အကြောင်းအရင်း။ သူ့နှုတ်ခမ်းတွေကွေးတက်သွားရတာကတော့ ဆုလာဘ်ပေါ့။

"hyung... အဆင်ပြေရဲ့လား အခြေအနေဘယ်လိုလဲ"

"....."

-------------------

"Joon.."

seokjinမဝံ့မရဲလေးခေါ်တော့ အလုပ်လုပ်နေသည့်Namjoonက ကြည့်လာသည်။

"အင်း"

seokjin လက်ထဲကဖုန်းကိုလက်သည်းလေးဖြင့်ခပ်ဖွဖွကုတ်ခြစ်နေမိသည်။

DELICATE PAINWhere stories live. Discover now