Unicode
seokjinဒီအိမ်ကြီးထဲကနေ ဘယ်လိုထွက်ရမည်လဲမသိ။ လျို့ဝှက်လမ်းတွေဘာတွေများရှိမလားရှာမိသည်။ ဘယ်လိုမှမဖြစ်နိုင်ပေမယ့်လဲပေါ့။
"ဟူး... မွန်းကြပ်လိုက်တာ"
သက်ပြင်းချပြီးပုံမှန်အတိုင်းထူးခြားမှုမရှိသည့်အခန်းထဲမှထွက်လိုက်သည်။
"အိမ်ကြီးကကြီးသလောက်ဘာမှလဲလုပ်စရာမရှိပါလားနော်.. ထွက်ပြေးဖို့အစီအစဥ်ကဒီအိမ်ကြီးထဲကမထွက်ရသရွေ့ငါ့အတွက်လွယ်မယ်မထင်ဘူး..ဟင်! "
လျှောက်လမ်း၏ထောင့်စွန်းတွင်ရှိနေသည့်အခန်းတစ်ခန်း။ ထိုအခန်းသည် ဟိုလူကြီးဝင်လေ့ရှိသည့်အခန်းဖြစ်၍အလုပ်ခန်းဖြစ်နိုင်သည်။ ထိုအခန်းရှိရာသို့seokjinဦးတည်လျှောက်သွားလိုက်သညိ။
"အလုပ်ခန်းဆိုတော့ ငါဝင်သင့်ပါ့မလား.. လူတစ်ယောက်ရဲ့ privacyကိုလေးစားသင့်တယ်လေ.."
အခန်းရှေ့မှပြန်လှည့်ရန်ပြင်လိုက်သော်လည်း..
"အယ် ဒီလူတောင်ငါ့ကိုဖမ်းခေါ်လာသေးတာပဲ Kim seokjin!! မင်းprivacyတွေဘာတွေတွေးနေစရာမလိုဘူး တခြားအခန်းတွေတောင်ဝင်ပြီးနေပြီပဲ ဟုတ်တယ်ဝင်သင့်တယ်.."
တံခါးလက်ကိုင်ဆီသို့seokjinလက်လှမ်းလိုက်သည်။
"နေဦး.. ဒီလူကတရားမဝင်အလုပ်တွေလုပ်နေတာ.. အခန်းထဲမှာ ဥပဒေနဲ့မလွတ်ကင်းတာတွေငါမြင်သွားလို့ ငါ့ကိုသတ်ပြီးနှုတ်ပိတ်ရင်ဘယ်လိုလုပ်မလဲ မဖြစ်ဘူး ငါ့အသက်လေးကတန်ဖိုးရှိတယ်"
"မဟုတ်သေးပါဘူး အခုဒီလူကြီးမှမရှိတာ ငါဒီအခန်းထဲဝင်တာသူမသိသရွေ့ ငါ့ကိုဘာမှလုပ်မှာမဟုတ်ဘူး ငါခိုးဝင်လို့ရတာပဲ ပြီးတော့ ဒီထဲမှာငါလွတ်မြောက်ဖို့တစ်ခုခုရှိနေရင်ရော.. ဟုတ်တယ် ငါစွန့်စားသင့်တယ်"
seokjinအမျိုးမျိုးတုံ့ဆိုင်းပြီးကာမှ နောက်ဆုံးပြတ်ပြတ်သားသားဝင်ရန်ဆုံးဖြတ်လိုက်သည်။
"မင်းတို့သခင်လေးရော"
လှေကားမှအသံတွေကြောင့် တံခါးလက်ကိုင်အားကိုင်ထားသည့်seokjinလန့်သွားခဲ့ရသည်။ သူ့ကိုမြင်သွားလို့မဖြစ်ပေ။ သူ,ခိုးဝင်ရန်ကြိုးစားနေသည်ကိုတွေ့သွားပါကအသက်ပျောက်နိုင်သည်။ ထိုလူတွေအပေါ်ရောက်မလာခင်ဒီနေရာကနေအမြန်ထွက်သွားမှဖြစ်မည်။
![](https://img.wattpad.com/cover/291821404-288-k584070.jpg)
YOU ARE READING
DELICATE PAIN