Delicate Pain (EP 25)

569 75 40
                                    

Unicode

Namjoonအခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာseokjinကအိပ်နေပြီ။ ကုတင်နားကို Namjoonလျှောက်သွားပြီး seokjinရဲ့နဖူးလေးကိုအသာဖိကပ်နမ်းသည်။ ထို့နောက် ကိုယ်လက်သန့်စင်ရေချိုးရန် ရေချိုးခန်းတွင်းသို့ဝင်လိုက်သည်။

ရေချိုးခန်းတံခါးပိတ်သံကြားမှ seokjinမှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်လိုက်သည်။ သူအိပ်ပျော်နေတာမဟုတ်ပဲ အိပ်ဟန်ဆောင်နေခြင်းဖြစ်သည်။ Joonကိုသူစကားမပြောချင်သေး‌ပေ။ မျက်နှာချင်းလဲမဆိုင်ချင်သေးဘူး။ တစ်ခုခုဆိုတာနဲ့ လူသတ်တာမျိုးကို seokjinမကြိုက်။

တင်!

ဖုန်းထဲစာဝင်လာတာကြောင့် စားပွဲပေါ်ကဖုန်းကိုယူကြည့်လိုက်သည်။

🐰‌Mg❤️🐇

*အိပ်ပြီလား*

'Mg'ဆိုတဲ့ contact nameလေးနဲ့ စာတိုလေးတစ်ခု။ 'JK'ဆိုတဲ့nameနေရာမှာ 'မောင်'ဆိုတဲ့နာမ်စားလေးကို ယုန်ဆိုးလေးကအတင်းပြောင်းသွားတာ။ အသည်းပုံလေးတောင်ထည့်သွားသေးသည်။

ဘယ်ရမလဲ.. ဒီလောက်ဖြစ်လှတာ.. seokjinကယုန်ခေါင်းပုံစံ‌လေးရော ယုန်တစ်ကောင်လုံးပုံပါထည့်ပေးထားလိုက်သည်။ contact nameလေးက နည်းနည်းရှုပ်နေရင်တောင် သူသဘောကျပါသည်။ ချစ်ဖို့ကောင်းသည်မဟုတ်လား။

တစ်ဖက်ကJungkookသည်တော့ ဖုန်းမှအကြည့်မလွှဲ။

"တကယ်အိပ်ပျော်နေပြီလား"

မျက်မှောင်ကုတ်ကြည့်နေသည်မှာ သူသာနဂါးဆိုဖုန်းပြာဖြစ်နေပြီ။

❤️My Yeobo❤️

‌ *hyung~~ တကယ်အိပ်ပြီလား🥺*

*အင်း*

တစ်ဖက်က စာဝင်လာတာကြောင့် ပျော်သွားသော်လည်း စာကိုကြည့်ပြီးမကျေနပ်တာတော့အမှန်။

"အင်း.. အင်းတစ်လုံးတည်းပေါ့လေ"

❤️My Yeobo❤️

*လိမ်တယ်😕*

*.....*

*အိပ်နေတဲ့သူက
စာပြန်ပို့မလား😒*

*ခုအိပ်ပြီ*

*မောင်စာပို့မှအိပ်မယ်ပေါ့😏*

DELICATE PAINWhere stories live. Discover now